အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)
မှ တွေ့ဆုံခွင့် တောင်းခံလာသူ များအား မေလ (၃၀) ရက်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ
အမျိုးသား လွှတ်တော်ရုံး၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက
ဥပဒေကြမ်း တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်
အညီ ဆောင်ရွက်မှု အခြေအနေများကို ရှင်းပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊
စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ပညာရေး ဝန်ကြီးဌာန
သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ ပညာရေးနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ
ကွန်ရက်၏ ပညာရေးဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေး တင်ပြချက် များကို ကြားနာခဲ့ပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking