အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဇွန်လ(၄)ရက်  
မွန်းလွဲ(၁)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာ
အဆင့်မြင့် ရေကူးကန်၏ အကြီးစား ပြင်ဆင်မှုများ ဒိုင်ဗင်ထိုးကန်နှင့် ရေထုတ်ရေသွင်းစက်များ
ကြွေပြားကပ်ခြင်း၊ အမှိုက်ဆည်ခြင်း၊ အပြင် နှုတ်ခမ်းဘောင်များ မြှင့်တင်ခြင်း၊ ပြင်ဆင်ထားမှုများအား
လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်
သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ သီဟဒီပ မိုးလုံလေလုံ အားကစားရုံ အဟောင်းအား
ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်လျက် ရှိသော အလျားပေ(၁၂၀) အနံပေ(၆၀) မိုးလုံလေလုံ
အားကစားခန်းမ အသစ်နှင့် အလျား(၁၆၂)ပေ၊ အနံ(၃၇)ပေ၊ အနက် (၄)ပေမှ (၇)ပေအထိ ရေကူးကန်အသစ်
တည်ဆောက်နေမှုများကို သတ်မှတ်ထားသည့် အချိန်အတွင်း အရည်အသွေး အဆင့်မီ တည်ဆောက်မှုများ
ပြီးစီးရန် စစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်စွက် မှာကြားသွားကြောင်း သိရှိရပါသည်။ 
Vrydag 06 Junie 2014
သမ၀ါယမ တက္ကသိုလ်(သန်လျင်)နှင့် State Holder တွေနှင့်တွေ့ဆုံ
သမဝါယမတက္ကသိုလ်
(သန်လျင်)ရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိနေသော တက္ကသိုလ်နဲ့မိတ်ဖက် အဖွဲ့အစည်းတွေ
နိုင်ငံအတွင်းမှာ ရှိနေသော (စတိတ် ဟိုးဒါး)တွေနဲ့ တွေ့ဆုံတဲ့ ပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး
သန်လျင်မြို့နယ်ရှိ သမဝါယမတက္ကသိုလ် (သန်လျင်)မှာ ဇွန်လ(၅)ရက်နေ့က ကျင်းပခဲ့ပါသည်။  
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးရွာမ မီးဘေးသင့်ပြည်သူများအား အမျိုးသမီးရေးရာအဖွဲ့မှ အ၀တ်အထည်များ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသမီးရေးရာအဖွဲ့မှ ချောင်းဦးရွာမ မီးဘေးသင့်ပြည်သူ များအား အဝတ်အထည်များ၊ ကျောင်းဝတ်စုံများ၊
စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၃)ရက် ညနေက မဟာအောင်မြေသာစံ
ကယ်ဆယ်ရေး စခန်း၌ ကျင်းပရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက
မီးဘေးသင့်ပြည်သူ များနှင့် ကျောင်းသား/ကျောင်းသူ များအား အဝတ်အထည်များ ကျောင်းဝတ်စုံများ
ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မီးဘေးသင့်ပြည်သူ(၅၇) အိမ်ထောင်စု အတွက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီး ၊တိုင်းဒေသကြီး အမျိုးသမီးရေးရာ
အဖွဲ့နာယက ဒေါ်ဝေဝေခိုင် (အေးရိပ်ဝေ)မိသားစုမှ ၊ အမျိုးသမီးဝတ် အင်္ကျီအထည် (၁၂၀)နှင့်
တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းဝတ်စုံ (၄၇)စုံ၊ မဝတ်အကျီင်္ီ(၇၁)ထည်၊ မဝတ်လုံချည်(၂၁)ထည်
၊စတီးမက်ခွက်(၄၈)ခွက်၊ ကျားဝတ် ရှပ်အကျီင်္ီ(၄)ထည်၊ ကျားဝတ်လုံချည်(၇)ထည် ၊စတီးအိုး အစုံ(၅၄)စုံ၊
ပလပ်စတစ်ရေခွက်ကြီး(၅၄)ခွက်၊ ကျောင်းသုံး လွယ်အိတ်အလုံး (၆၀)၊ ကျောင်းသုံးဗလာ စာအုပ်
ဒါဇင်(၆၀)၊ ဖိနပ်(၁၀)ရံအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် UNDP တို့ ပူးပေါင်းဖွင့်လှစ်သော လူ့အခွင့်အရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
ရှမ်းပြည်နယ်  ရဲတပ်ဖွဲ့ နှင့် ယူအန်ဒီပီ တို့ ပူးပေါင်းဖွင့်လှစ်သော
လူ့အခွင့်အရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၆)ရက်နေ့ မနက်က တောင်ကြီးမြို့၊
ရှမ်းပြည် ရဲတပ်ဖွဲ့၊ ရဲသူရခန်းမမှာ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ခေတ္တ ရှမ်းပြည်နယ်
တပ်ဖွဲ့မှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဲဒီနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီးရုံးမှ ဟူးမန်း ရိုက် အော်ဖစ်ဆာ မစ္စတာ ဖရီး ရောစကီ က သင်တန်းနှင့် ပတ်သက်ပြီး
ရှင်းလင်း ပြောကြားခဲ့ပါသည်။ 
ညောင်လေးပင်မြို့တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲကျင်းပ
၂၀၁၄ ခုနှစ်
မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အား ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်
အထက(၁)ကျောင်းဝင်း အတွင်း၌ ဇွန်(၅)ရက် နံနက်က ကျင်းပပြုလုပ်ပါသည်။  မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်များ
အား မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်သစ်တောဦးစီး မှူး ၊မြို့နယ်အထောက်အကူ့ပြုအဖွဲ့
ဥက္ကဌက ဌာနဆိုင်ရာများ အလိုက် ပေးအပ်ပြီး တပျော်တပါး စုပေါင်း သစ်ပင်စိုက်ပျိုးကြပါသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ၊ ယူကလစ်၊ စိန်ပန်း၊ မလေးရှား၊ မဇလီ၊ ကုက္ကို
နှင့် ကျွန်းပင်များ အား စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 
မြိတ်ခရိုင် ကျွန်းစုမြို့နယ် စမ်းသစ်ကျေးရွာတွင် သံကူကွန်ကရစ် ဆိပ်ခံတံတားသစ် ဖွင့်လှစ်
မြိတ်ခရိုင်၊
ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာအုပ်စု၊ စမ်းသစ်ကျေးရွာသည် မြိတ်မြစ်နှင့် တနင်္သာရီမြစ်ကြောင်း
နံဘေးတွင် တည်ရှိကာ ရေလမ်းခရီးကိုသာ အားထားရသော ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါ ကျေးရွာတွင်
မူလတန်းကျောင်း တစ်ကျောင်းရှိကာ မူလတန်းလွန် ကျောင်းသား၊ ကျောင်းသူများမှာ အနီးအနားရှိ
ဝါရစ်ကျေးရွာသို့ လှေဖြင့်သွားရောက်ကာ နေ့စဉ်ကျောင်းတက်ရခြင်းနှင့် ထိုကျေးရွာမှ မြိတ်နှင့်
တနင်္သာရီ ကဲ့သို့သော မြို့များသို့ ကုန်စည်တင်ပို့ ရောင်းချရန်အတွက်လည်း ရေလမ်းခရီးကိုသာ
အသုံးပြုရသဖြင့် ကျေးရွာတွင် ကောင်းမွန်သော ဆိပ်ခံတံတားကောင်း တစ်ခု လိုအပ်လျက်ရှိရာ
ယခုအခါ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ (၂၅)သိန်းနှင့် ကျေးရွာနေ စေတနာရှင် ပြည်သူများမှ ထည့်ဝင်ငွေ
(၂၅)သိန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၅၀) အကုန်အကျခံကာ အလျား (၈၇)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၅)ပေရှိ
သံကူကွန်ကရစ် ဆိပ်ခံတံတား တစ်ခုကို တည်ဆောက်ခဲ့ပါသည်။ 
ပုလောမြို့တွင် မိုးစပါး စရိတ်ချေးငွေ ထုတ်ချေး
မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ် မိုးဦးကျ ကာလတွင် တောင်သူများ မိုးစပါး စိုက်ပျိုးရာတွင်
အထောက်အကူ ဖြစ်စေရန်အတွက် အတိုးနှုန်း သက်သာစွာ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ
ပုလောမြို့နယ် လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင် တောင်သူများအား ဇွန်လ (၆)ရက်နေ့ နံနက်က စိုက်ပျိုးစရိတ်
ချေးငွေများကို ထုတ်ချေး ပေးခဲ့ပါသည်။ 
ပုလောမြို့တွင် စွန့်လွတ်လယ်ယာမြေများ ပြန်လည်ရရှိသည့် တောင်သူများမှ လယ်ယာလုပ်ငန်းများ စတင်လုပ်ကိုင်
မြိတ်ခရိုင်
ပုလောမြို့နယ် မကျည်းကုန်းကျေးရွာအုပ်စု နတ်အိမ်တောင်ရာ ကျေးရွာတွင် မြိတ်ခရိုင် လယ်ယာမြေ
စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများမှ စွန့်လွှတ် လယ်ယာမြေ (၄၉.၅၀) ဧကအား
မူလ လယ်ပိုင်ရှင်များ ဖြစ်သည့် လယ်သမား (၉)ဦးအား မေလ (၂၃)ရက်က လယ်ယာမြေ လုပ်ပိုင်ခွင့်
လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာတွင် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတည်ဆောက် ပြီးစီး
ကယားပြည်နယ်၊
ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာ နှင့် အနီးတဝိုက်ရှိ ဝေးလံ ခေါင်းပါးသည့် ကျေးရွာများတွင်
နေထိုင်ကြသော ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် မြန်မာ့ရုပ်မြင်သံကြား ဖမ်းယူကြည့်ရှုနိုင်ရန်
ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ရန်ပုံငွေကျပ် (၄၈.၇၆)သန်းဖြင့် ဟိုယာကျေးရွာ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ(၁)ရုံ၊
(၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၁)လုံး၊ မီးစက်ရုံ (၁)ရုံနှင့် ခြံစည်းရိုး အပါအဝင် ဆောက်လုပ်
ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ
ပြန်ကြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ (၆)ရက်နေ့တွင် နေပြည်တော်ရှိ
ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးရုံး၌ ကျင်းပခဲ့ပါသည်။
မန္တလေးမြို့ အမရပူရမြို့နယ် ဦးပိန်တံတားမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဂုဏ်ပြုလှုပ်ရှားမှု
ဇွန်လ (၅)ရက်နေ့မှာ
ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် တစ်နိုင်ငံလုံးမှာ
လုပ်ဆောင်လျက် ရှိရာမှာ မန္တလေးမြို့ အမရပူရမြို့နယ် ဦးပိန်တံတားမှာ စုပေါင်း အမှိုက်ကောက်မှုတွေ
ပြုလုပ်ခဲ့ကြပါသည်။
ရန်ကုန်မြို့ ဗြိတိသျှ ကောင်စီစာကြည့်တိုက်မှာ ကျင်းပပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ
ဇွန်လ (၅)ရက်နေ့တွင်
ကျရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ဟောပြောဆွေးနွေးပွဲကို ဇွန်လ(၅)ရက်နေ့ ညနေက ရန်ကုန်မြို့ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။ 
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ စကားဝိုင်းတစ်ရပ်ကျင်းပ
ဇွန်လ (၅)ရက်နေ့မှာ
ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့
မြန်မာဂျာနယ်လစ် ရုံးခန်းမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး၏ စကားဝိုင်းတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် သတင်းမီဒီယာများ၊ စာနယ်ဇင်းမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြပါသည်။
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်း
၂၀၁၃-၂၀၁၄
ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသားကျောင်းသူများ၏
တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို စာဖြေဌာနများ ဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်းများတွင်
ဇွန်လ (၇)ရက်နေ့ နံနက်အစောပိုင်းက ထုတ်ပြန်ကြေငြာ ခဲ့ပါသည်။
Teken in op:
Opmerkings (Atom)