အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဇွန်လ(၄)ရက်  
မွန်းလွဲ(၁)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာ
အဆင့်မြင့် ရေကူးကန်၏ အကြီးစား ပြင်ဆင်မှုများ ဒိုင်ဗင်ထိုးကန်နှင့် ရေထုတ်ရေသွင်းစက်များ
ကြွေပြားကပ်ခြင်း၊ အမှိုက်ဆည်ခြင်း၊ အပြင် နှုတ်ခမ်းဘောင်များ မြှင့်တင်ခြင်း၊ ပြင်ဆင်ထားမှုများအား
လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်
သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ သီဟဒီပ မိုးလုံလေလုံ အားကစားရုံ အဟောင်းအား
ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်လျက် ရှိသော အလျားပေ(၁၂၀) အနံပေ(၆၀) မိုးလုံလေလုံ
အားကစားခန်းမ အသစ်နှင့် အလျား(၁၆၂)ပေ၊ အနံ(၃၇)ပေ၊ အနက် (၄)ပေမှ (၇)ပေအထိ ရေကူးကန်အသစ်
တည်ဆောက်နေမှုများကို သတ်မှတ်ထားသည့် အချိန်အတွင်း အရည်အသွေး အဆင့်မီ တည်ဆောက်မှုများ
ပြီးစီးရန် စစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်စွက် မှာကြားသွားကြောင်း သိရှိရပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking