Sondag 31 Augustus 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိုးညက်စ်မြို့တွင် အမြောက်များဖြင့် ဆက်လက်ပစ်ခတ်လျက်ရ

ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများသည် ယူကရိန်း အရှေ့ပိုင်းတွင် အောင်ပွဲများရရှိလျက်ရှိရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိုးညက်စ်မြို့တွင် အမြောက်များဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိပြီး ၄င်းသည် နိုင်ငံကို စစ်ပွဲဖြစ်ပွားတော့မည့် အခြေအနေဖြစ်နေကြောင်း သမ္မတပိုရိုချင်ကိုက သတိပေး ပြောကြားခဲ့ပါတယ်။ ဒိုးညက်စ်မြို့ရဲ့ လူနေရပ်ကွက် တစ်ခုအား အမြောက်များဖြင့် ပစ်ခတ်ပြီး ပျက်စီးနေပုံ ဗီဒီယိုကို ယူကရိန်း အရှေ့ပိုင်းရှိ တီဗွီစတေရှင်ကနေ ရုရှားထောက်ခံသူများက သြဂုတ်လ ၃၁ရက်နေ့က ပြသခဲ့ပါသည်။ ယူကရိန်းသမ္မတဟာ ဘရပ်စ်ဆဲလ်မှာ ကျင်းပတဲ့ အီးယူထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးအရ ဖြေရှင်းရန် မျှော်လင့်လျက်ရှိပေမဲ့ နိုင်ငံကို စစ်ပွဲဖြစ်ပွားတော့မယ့် အခြေအနေဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့ပါတယ်လို့ သိရှိရပါသည်။


ဆီးရီးယားနယ်စပ်တွင် တိုက်ခိုက်မှုများ မြင့်တက်လျက်ရှိကြောင်း အစ္စရေးတပ်ဖွဲ့မှ ပြောကြား

အစ္စရေးတပ်ဖွဲ့သည် ၄င်းတို့သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ သြဂုတ်လ  ၃၁ရက်နေ့က ကင်းထောက် လေယာဉ်ငယ် တစ်စင်းကို ပစ်ချခဲ့ပြီး ၄င်းဒေသ၏ ဆီးရီးယားနယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာကြောင်း အစ္စရေးတပ်ဖွဲ့မှ ပြောပါသည်။ အစ္စရေးပိုင်နက်နှင့် ဆီးရီးယားကို ပိုင်းခြားထားတဲ့ ကြားခံဇုံမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့နဲ့ ဆန့်ကျင်ဘက်တို့အကြား တိုက်ခိုက်မှုတွေ ပြင်းထန်လျက် ရှိပါသည်။ (၁၉၆၇)ခုနှစ်ရဲ့ (၆)ရက်ကြာ စစ်ပွဲအတွင်း ဂိုလန်ကုန်းမြင့်ဒေသရဲ့ စတုရန်း ကီလိုမီတာ(၁၂၀ဝ)အား အစ္စရေးတို့က သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း သိရှိရပါသည်။


ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီတွင်ကမ္ဘာတစ်ဝန်းမှ စစ်ဘက်ဆိုင်ရာ ဂီတပညာရှင်များပါဝင်သည့် နိုင်ငံတကာ စစ်တီးဝိုင်းများ ပွဲတော်ဖွင့်လှစ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီတွင် ကမ္ဘာတစ်ဝန်းမှ စစ်ဘက်ဆိုင်ရာ ဂီတပညာရှင် (၁၅၀၀)ကျော် ပါဝင်သည့် နိုင်ငံတကာ စစ်တီးဝိုင်းများ ပွဲတော်ကို သြဂုတ်လ ၃၁ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ၄င်းပွဲတော်ကို (၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး (၂၀ဝ၉)ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ပါသည်။ ယခုနှစ်ပွဲတော်မှာ နိုင်ငံပေါင်း(၁၀)နိုင်ငံမှ ပါဝင်သူများ ဖိတ်ခေါ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ ရုရှားသမ္မတ၏ စစ်တီးဝိုင်းနှင့်အတူ ဆားဘီးယား အာမေးနီးယား အိုင်ရာလန် တူရကီ ကာဇက်စတန် တရုတ်နဲ့ အီတလီတို့မှ စစ်တီးဝိုင်းများ ပါဝင် ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းပွဲတော်ဟာ ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး အနုပညာရှင် အဖွဲ့များနဲ့ တေးဂီတ ပညာရှင်များ စုစည်းထားတာဖြစ်ကြောင်း ပွဲတော်စီစဉ်သူက ပြောကြားခဲ့ပြီး ပါဝင်သရုပ်ပြသသူများဟာ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားပြီး ကျေးလက်တူရိယာများကို တီးခတ်ဖျော်ဖြေကြတာ ဖြစ်ပါသည်။ အဆိုပါပွဲတော်ကို အနည်းဆုံး (၅)ရက်ကြာ ကျင်းပမှာဖြစ်ပြီး စစ်တီးဝိုင်းများသည် မော်စကိုမြို့တစ်ဝန်းတွင် တစ်နေကုန် ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး ရင်ပြင်နီမှာ ညနေတိုင်း (ရှိုး)ပွဲပြသသွားမှာ ဖြစ်ပါသည်။ ၄င်းပွဲတော် ပိတ်ပွဲအခမ်းအနားကို အခုလ(၇)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။


ရုရှားတပ်ဖွဲ့ဝင်များသည် ဘက်ဆလန်ရှိ ကျောင်းကို ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများကဆို

ဘက်ဆလန်ရှိ မျက်မြင်သက်သေများကတော့ ရုရှားတပ်ဖွဲ့ဝင်များဟာ ကျောင်းကို ပစ်ခတ်ခဲ့ကြောင်းနှင့်သို့သော် ရုရှားတာဝန်ရှိသူများမှာ ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းအဖြစ်ဆိုးကြီး ပြီးနောက်တွင် တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သည်။ ဘက်ဆလန်၏ ဖြစ်ရပ်များသည် ရုရှားတောင်ပိုင်းရှိ ကော့ကေးဆပ်စ်ဒေသ မြောက်ပိုင်း ချက်ချင်းညာအနီးမှာ ဆူပူအုံကြွမှုတွေ ဖြစ်စေခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်များသည် ခွဲထွက်ရေး လက်နက်ကိုင်များကို ဆန့်ကျင်သည့် စစ်ပွဲနှစ်ခု ဖြစ်ပွားခဲ့ရပြီး အဲ့ဒီ့က ပြင်းထန်မှုတွေဟာ အိမ်နီးချင်းဒေသတွေကိုပါ ကူးစက်ခဲ့ကြောင်း သိရှိရပါသည်။


ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်ကို ဖြုတ်ချရန် ဆန္ဒပြဆန့်ကျင်မှုများဖြစ်ပွား

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်ကို ဖြုတ်ချရန် ဆန္ဒပြ ဆန့်ကျင်မှုများ ပြုလုပ်နေသည့်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများအသုံးပြုပြီး ဖြေရှင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူသုံးဦးထက် မနည်းသေဆုံးခဲ့ပြီး နောက်ထပ်လူ(၂၀ဝ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ ဆန္ဒပြသူများဟာ မနေ့က ဝန်ကြီးချုပ်ရဲ့ အိမ်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့တာ ဖြစ်ပါသည်။ ပါကစ္စတန်မှာ ဆူပူမှုများ ဖြစ်ပွားနေခြင်းသည် ရက်သတ္တပတ် နှစ်ပတ်ကျော်ခဲ့ပြီး ဆန္ဒပြမှုခေါင်းဆောင်က ရှရစ်ဖ်အနေနဲ့ ရာထူးမှနှုတ်ထွက်မှု မပြုမချင်း ၄င်းတို့အနေဖြင့်ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်းရှာရစ်ဖ်မှာ ၄င်းအနေနဲ့ နှုတ်ထွက်မှာ မဟုတ်ကြောင်း သြဂုတ်လ ၃၁ရက်နေ့က ပြောကြားခဲ့ပါသည်။ ဒဏ်ရာရသူများထဲတွင် သတင်းထောက်(၇)ဦးလဲ ပါဝင်ကြောင်း ဒေသမီဒီယာမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။


အမေရိကန် မစ်ဆူရီတွင် လူမဲဆယ်ကျော်သက် တစ်ဦးအား ရဲအရာရှိက ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

ယခုလ(၉)ရက်နေ့က အမေရိကန် မစ်ဆူရီမှာ ဖြစ်ပွားခဲ့သည့် လူမဲဆယ်ကျော်သက် တစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်းပြီး နောက်သုံးပတ် ကြာသည်အထိ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသမီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ချီတက်ဆန္ဒပြသူများသည် (ဒုန့် ရွှတ်)ဆိုပြီး သံပြိုင်ဟစ်ြွေကးကာ အခြားကန့်ကွက် စာတန်းများ ပါရှိတဲ့ တုတ်ပြားများ ကိုင်ဆောင်ထားကြပြီး အချို့ကတော့ (တီရှက်စ်)အင်္ကျီများမှာ စာတန်းများ ရေးထိုးပြီး ဝတ်ဆင် ဆန္ဒပြခဲ့ကြပါသည်။ (၁၈)နှစ်အရွယ် ဘရောင်းက ရဲအရာရှိ ဝဲလ်ဆွန်ရဲ့ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ကြိုးစားခဲ့လို့ ပစ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသော်လည်း မျက်မြင်သက်သေများမှာ ဘရောင်းသည်၎င်း၏လက်ကို မြှောက်ပြီး မပစ်ပါနဲ့လို့ အညံ့ခံနေတဲ့ကြားက ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ရှိ လေးထပ်အဆောက်အဦတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

 ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အရှေ့မြောက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက် တစ်ခုရှိ လေးထပ်အဆောက်အဦး တစ်ခုတွင် ပေါက်ကွဲမှုတစ်ခု သြဂုတ်လ ၃၁ရက်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ မီးသတ်သမားများသည် အဆောက်အဦး အပျက်အဆီးများကို ရှင်းလင်းလျက်ရှိပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ဒေသတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါသည်။ သြဂုတ်လ ၃၁ရက်နေ့ အစောပိုင်းက ၄င်းနေရာသို့ ပြည်ထဲရေးဝန်ကြီး ရောက်ရှိလာခဲ့ပြီး ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ဒီထင်မြင်ချက်ကိုတော့ အတည်မပြုနိုင်သေးကြောင်းလဲ ပြောကြားခဲ့ပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘေးမှာရှိတဲ့ အဆောက်အဦးတစ်ခု ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုဟာ တိုက်ခန်းတွဲအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါသည်။ နောက်ဆုံး သတင်းများအရ သေဆုံးသူဦးရေဟာ (၆)ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။


လိုက်ဘေးရီးယားနိုင်ငံ မွန်ရိုးဗီးယားရှိ အဲလ်ဝါဆေးရုံတွင် အီဘိုလာထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိ

 ပြင်သစ်နိုင်ငံရဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် လိုက်ဘေးရီးယားနိုင်ငံ မွန်ရိုးဗီးယားရှိ အဲလ်ဝါဆေးရုံမှာ အီဘိုလာ ထိန်းချုပ်ရန် ဆောင်ရွက်လျက် ရှိကြောင်းသိရပါတယ်။ လိုက်ဘေးရီးယားနိုင်ငံဟာ အနောက်အာဖရိက တစ်ဝန်းဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ဖြစ်ပွားမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရတာဖြစ်ပြီး အခုနှစ်စကတည်းက စတင်ပြီး ရောဂါကူးစက်ခံရသူ (၁၀၈၂)ဦးရှိပြီး (၆၂၄)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။


ချက်စ်ပြည်သူ့ သမ္မတနိုင်ငံမှ အင်ဂျင်နီယာများသည် (အယ်လ်ဘီး)ကားထုတ်လုပ်မှုကို ချဲ့ထွင်ရန် ဆန္ဒရှိ

ချက်စ်ပြည်သူ့ သမ္မတနိုင်ငံမှ အင်ဂျင်နီယာများသည် (အယ်လ်ဘီး)ကား ထုတ်လုပ်မှုကို ချဲ့ထွင်ရန် ဆန္ဒရှိလျက်ရှိပြီး ၄င်းတို့ဟာ ဘီးတပ်ကုလားထိုင်များဖြင့် သွားလာနေသူများ လွယ်ကူသက်သာစွာ သွားလာနိုင်ရန်အတွက် (အယ်လ်ဘီး)ကားကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါသည်။

အိုက်စလန်နိုင်ငံရှိ ဘာဒါဘွန်ဂါ မီးတောင်ပတ်ဝန်းကျင်တွင် လေကြောင်းသွားလာမှုကို တားမြစ်

အိုက်စလန်နိုင်ငံရှိ ဘာဒါဘွန်ဂါ မီးတောင်ပတ်ဝန်းကျင်တွင် လေကြောင်းသွားလာမှုကို တားမြစ်ခဲ့ပြီး အနီးရှိ (အာဗာ)ကွင်းပြင်မှာ ပေါက်ကွဲမှု အသစ်ဖြစ်ပွားပြီးနောက် သတိပေးချက်ကို သြဂုတ်လ ၃၁ရက်နေက အနီရောင်အဆင့်ထိ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သော သောကြာနေ့က ပေါက်ကွဲမှု အသေးစား ဖြစ်ပွားခဲ့ကြောင်း ပြည်သူကာကွယ်ရေး ရုံးရဲ့ပြောကြားချက်အရ သိရပါသည်။ အနီသတိပေးချက် မတိုင်ခင် လေကြောင်းပျံသန်းမှုကို ပေ(၆ထောင်)အောက်သာ ကနဦးခွင့်ပြုပေးခဲ့ပြီး လေဆိပ်များကို ဖွင့်ခွင့်ပေးထားခဲ့ပါသည်။ သြဂုတ်လ ၃၁ရက်နေ့က ပေါက်ကွဲမှုသည် (၁.၅)ကီလိုမီတာ ရှည်သည့်အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။


ဗြိတိန်နိုင်ငံ၏ အပန်းဖြေ ကမ်းခြေ ဖောလ့်က်စတုန်း မြို့တွင် ဖောလ့်က်စတုန်း-ဒစ်ဂ် ပွဲတော်ကျင်းပ

ဗြိတိန်နိုင်ငံရဲ့ အပန်းဖြေရာ ကမ်းခြေမြို့လေးမှာ ရွှေတွင်းသစ်တစ်ခု ပေါ်ထွက်လာသောကြောင့် လူအများသည် သတ္ထုရှာဖွေရေး ကိရိယာများနှင့် မြေသယ်ဂေါ်များကို အသုံးပြုပြီး သဲများအောက်မှာ နစ်မြှုပ်နေတဲ့ (၂၄)ကာရက်ရှိ ရွှေချောင်း(၃၀)ခန့်ကို ရှာ ဖွေဖို့ကြိုးစားနေကြပါသည်။ (ဖောလ့်က်စတုန်း)ရဲ့အပြင်ဘက် ဆိပ်ကမ်း ကမ်းခြေမှာရှိတဲ့ ၄င်းရွှေများဟာ သဘာဝအတိုင်း နစ်မြုပ်နေတာ မဟုတ်ဘဲ ဂျာမန်အနုပညာရှင် (မိုက်ကယ်-ဆေးလ်စတော်ဖာ)က အနုပညာဆန်စွာ မြှုပ်နှံထားတဲ့ စီမံကန်းတစ်ခု ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ (၁၅၀၀၀) တန်ဖိုးရှိသည့် ၄င်းရွှေများကို ကြိုးစားတူးဖော်ဖို့အတွက် (ဖောလ့်က်စတုန်း)သို့ လာရောက်တဲ့ ခရီးသွားများကလလည်း စိတ်ဝင်စားနေကြပါတယ်။ ကမ်းခြေမှာ ရွှေရှာဖို့အတွက် ဒီရေကျချိန်ဖြစ်တဲ့ ညနေ(၄)နာရီအချိန်ဟာ အသင့်တော်ဆုံးအချိန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၈၀ဝ)တန်ဖိုးရှိ ပထမဆုံးရွှေချောင်းကို လူသုံးဦးပါ အဖွဲတစ်ဖွဲ့မှ ရှာတွေ့ခဲ့ကြောင်း သိရပါသည်။ (ဖောလ့်က်စတုန်း-ဒစ်ဂ်)လို့ခေါ်သည့် ၄င်းစီမံကိန်းဟာ ၄င်းမြို့၏ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲ အစီအစဉ် တစ်ခုဖြစ်ပြီး ပွဲတော်ကို ယခုလ(၃၀)ရက်နေ့မှ နိုဝင်ဘာလနှစ်ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။


တရုတ်တိုင်ပေရှိ တိုင်ပေတိရိစ္ဆာန်ဥယျာဉ်တွင် ထွမ်းထွမ်းနှင့် ယွမ်ယွမ် ပန်ဒါဝက်ဝံ စုံတွဲ၏ (၁၀)နှစ်ပြည့် မွေးနေ့အခမ်းအနားကျင်းပ

တရုတ်တိုင်ပေရှိ တိုင်ပေတိရိစ္ဆာန်ဥယျာဉ်တွင် ထွမ်းထွမ်းနဲ့ ယွမ်ယွမ် ပန်ဒါဝက်ဝံ စုံတွဲရဲ့ (၁၀)နှစ်ပြည့် မွေးနေ့အခမ်းအနားကို သြဂုတ်လ ၃၁ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ တိရိစ္ဆာန်ချစ်သူ အများအပြား လာရောက်ခဲ့ကြပြီး ငယ်ရွယ်သူစုံတွဲ အများဆုံးပါဝင်ခဲ့ပါသည်။ ထွမ်းထွမ်းနဲ့ယွမ်ယွမ် စုံတွဲကနေ လွန်ခဲ့သောနှစ်က ပန်ဒါမလေးတစ်ကောင် မွေးဖွားပေးခဲ့ကြောင်း သိရှိရပါသည်။


Sport News

နယ်သာလန် ပြည်တွင်းလိဂ် ဘောလုံးပွဲစဉ်မှာ ပီအက်ဗွီအသင်းက ဗီတက်စီအသင်းကို နှစ်ဂိုးပြတ်ဖြင့် အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပါသည်။ ပထမပိုင်းတွင် ပီအက်စ်ဗွီအသင်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပါသည်။ ဒုတိယပိုင်း ပွဲစပြီး မကြာခင်မှာဘဲ နည်းဗျူဟာပိုင်း အပြောင်းအလဲနဲ့အတူ လမ်ဒီဂျောင်းက ပီအက်စ်ဗွီအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါသည်။ ပီအက်စ်ဗွီအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို ပွဲပြီးခါနီးမှာ အဒမ်မာဟာက သွင်းယူခဲ့သည်။ ပီအက်စ်ဗွီအသင်းသည် ပွဲစဉ်လေးပွဲ ကစားပြီးချိန်တွင် လေးပွဲစလုံးနိုင် (၁၂)မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတယ်လို့ သိရှိရပါသည်။