ရုရှားထောက်ခံသူ
ခွဲထွက်ရေးသမားများသည် ယူကရိန်း အရှေ့ပိုင်းတွင် အောင်ပွဲများရရှိလျက်ရှိရာ ယူကရိန်းနိုင်ငံ
အရှေ့ပိုင်း ဒိုးညက်စ်မြို့တွင် အမြောက်များဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိပြီး ၄င်းသည်
နိုင်ငံကို စစ်ပွဲဖြစ်ပွားတော့မည့် အခြေအနေဖြစ်နေကြောင်း သမ္မတပိုရိုချင်ကိုက သတိပေး
ပြောကြားခဲ့ပါတယ်။ ဒိုးညက်စ်မြို့ရဲ့ လူနေရပ်ကွက် တစ်ခုအား အမြောက်များဖြင့် ပစ်ခတ်ပြီး
ပျက်စီးနေပုံ ဗီဒီယိုကို ယူကရိန်း အရှေ့ပိုင်းရှိ တီဗွီစတေရှင်ကနေ ရုရှားထောက်ခံသူများက
သြဂုတ်လ ၃၁ရက်နေ့က ပြသခဲ့ပါသည်။ ယူကရိန်းသမ္မတဟာ ဘရပ်စ်ဆဲလ်မှာ ကျင်းပတဲ့ အီးယူထိပ်သီးညီလာခံသို့
တက်ရောက်ခဲ့ပြီး နိုင်ငံရေးအရ ဖြေရှင်းရန် မျှော်လင့်လျက်ရှိပေမဲ့ နိုင်ငံကို စစ်ပွဲဖြစ်ပွားတော့မယ့်
အခြေအနေဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့ပါတယ်လို့ သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking