Sondag 31 Augustus 2014
ဗြိတိန်နိုင်ငံ၏ အပန်းဖြေ ကမ်းခြေ ဖောလ့်က်စတုန်း မြို့တွင် ဖောလ့်က်စတုန်း-ဒစ်ဂ် ပွဲတော်ကျင်းပ
ဗြိတိန်နိုင်ငံရဲ့ အပန်းဖြေရာ ကမ်းခြေမြို့လေးမှာ ရွှေတွင်းသစ်တစ်ခု
ပေါ်ထွက်လာသောကြောင့် လူအများသည် သတ္ထုရှာဖွေရေး ကိရိယာများနှင့် မြေသယ်ဂေါ်များကို အသုံးပြုပြီး
သဲများအောက်မှာ နစ်မြှုပ်နေတဲ့ (၂၄)ကာရက်ရှိ ရွှေချောင်း(၃၀)ခန့်ကို ရှာ ဖွေဖို့ကြိုးစားနေကြပါသည်။
(ဖောလ့်က်စတုန်း)ရဲ့အပြင်ဘက် ဆိပ်ကမ်း ကမ်းခြေမှာရှိတဲ့ ၄င်းရွှေများဟာ သဘာဝအတိုင်း
နစ်မြုပ်နေတာ မဟုတ်ဘဲ ဂျာမန်အနုပညာရှင် (မိုက်ကယ်-ဆေးလ်စတော်ဖာ)က အနုပညာဆန်စွာ မြှုပ်နှံထားတဲ့
စီမံကန်းတစ်ခု ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ (၁၅၀၀၀) တန်ဖိုးရှိသည့် ၄င်းရွှေများကို ကြိုးစားတူးဖော်ဖို့အတွက်
(ဖောလ့်က်စတုန်း)သို့ လာရောက်တဲ့ ခရီးသွားများကလလည်း စိတ်ဝင်စားနေကြပါတယ်။ ကမ်းခြေမှာ
ရွှေရှာဖို့အတွက် ဒီရေကျချိန်ဖြစ်တဲ့ ညနေ(၄)နာရီအချိန်ဟာ အသင့်တော်ဆုံးအချိန် ဖြစ်ပြီး
အမေရိကန်ဒေါ်လာ (၈၀ဝ)တန်ဖိုးရှိ ပထမဆုံးရွှေချောင်းကို လူသုံးဦးပါ အဖွဲတစ်ဖွဲ့မှ ရှာတွေ့ခဲ့ကြောင်း
သိရပါသည်။ (ဖောလ့်က်စတုန်း-ဒစ်ဂ်)လို့ခေါ်သည့် ၄င်းစီမံကိန်းဟာ ၄င်းမြို့၏ သုံးနှစ်တစ်ကြိမ်
ကျင်းပမြဲ အစီအစဉ် တစ်ခုဖြစ်ပြီး ပွဲတော်ကို ယခုလ(၃၀)ရက်နေ့မှ နိုဝင်ဘာလနှစ်ရက်နေ့ထိ
ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
Teken in op:
Plaas opmerkings (Atom)
Geen opmerkings nie:
Plaas 'n opmerking