Sondag 31 Augustus 2014
ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ရှိ လေးထပ်အဆောက်အဦတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား
 ပြင်သစ်နိုင်ငံ
ပဲရစ်မြို့၏ အရှေ့မြောက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက် တစ်ခုရှိ လေးထပ်အဆောက်အဦး တစ်ခုတွင်
ပေါက်ကွဲမှုတစ်ခု သြဂုတ်လ ၃၁ရက်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင်
လူနှစ်ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ မီးသတ်သမားများသည်
အဆောက်အဦး အပျက်အဆီးများကို ရှင်းလင်းလျက်ရှိပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း
ဒေသတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါသည်။ သြဂုတ်လ ၃၁ရက်နေ့ အစောပိုင်းက ၄င်းနေရာသို့
ပြည်ထဲရေးဝန်ကြီး ရောက်ရှိလာခဲ့ပြီး ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့်
ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ဒီထင်မြင်ချက်ကိုတော့ အတည်မပြုနိုင်သေးကြောင်းလဲ ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘေးမှာရှိတဲ့ အဆောက်အဦးတစ်ခု ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုဟာ
တိုက်ခန်းတွဲအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါသည်။ နောက်ဆုံး သတင်းများအရ သေဆုံးသူဦးရေဟာ
(၆)ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။
Teken in op:
Plaas opmerkings (Atom)
Geen opmerkings nie:
Plaas 'n opmerking