Sondag 31 Augustus 2014
ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်ကို ဖြုတ်ချရန် ဆန္ဒပြဆန့်ကျင်မှုများဖြစ်ပွား
ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်ကို
ဖြုတ်ချရန် ဆန္ဒပြ ဆန့်ကျင်မှုများ ပြုလုပ်နေသည့်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများအသုံးပြုပြီး
ဖြေရှင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ
လူသုံးဦးထက် မနည်းသေဆုံးခဲ့ပြီး နောက်ထပ်လူ(၂၀ဝ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။
ဆန္ဒပြသူများဟာ မနေ့က ဝန်ကြီးချုပ်ရဲ့ အိမ်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတဲ့အတွက်
ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့တာ ဖြစ်ပါသည်။ ပါကစ္စတန်မှာ ဆူပူမှုများ ဖြစ်ပွားနေခြင်းသည်
ရက်သတ္တပတ် နှစ်ပတ်ကျော်ခဲ့ပြီး ဆန္ဒပြမှုခေါင်းဆောင်က ရှရစ်ဖ်အနေနဲ့ ရာထူးမှနှုတ်ထွက်မှု
မပြုမချင်း ၄င်းတို့အနေဖြင့်ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်းရှာရစ်ဖ်မှာ
၎င်းအနေနဲ့ နှုတ်ထွက်မှာ မဟုတ်ကြောင်း သြဂုတ်လ ၃၁ရက်နေ့က ပြောကြားခဲ့ပါသည်။ ဒဏ်ရာရသူများထဲတွင်
သတင်းထောက်(၇)ဦးလဲ ပါဝင်ကြောင်း ဒေသမီဒီယာမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
Teken in op:
Plaas opmerkings (Atom)
Geen opmerkings nie:
Plaas 'n opmerking