Sondag 31 Augustus 2014

အိုက်စလန်နိုင်ငံရှိ ဘာဒါဘွန်ဂါ မီးတောင်ပတ်ဝန်းကျင်တွင် လေကြောင်းသွားလာမှုကို တားမြစ်

အိုက်စလန်နိုင်ငံရှိ ဘာဒါဘွန်ဂါ မီးတောင်ပတ်ဝန်းကျင်တွင် လေကြောင်းသွားလာမှုကို တားမြစ်ခဲ့ပြီး အနီးရှိ (အာဗာ)ကွင်းပြင်မှာ ပေါက်ကွဲမှု အသစ်ဖြစ်ပွားပြီးနောက် သတိပေးချက်ကို သြဂုတ်လ ၃၁ရက်နေက အနီရောင်အဆင့်ထိ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သော သောကြာနေ့က ပေါက်ကွဲမှု အသေးစား ဖြစ်ပွားခဲ့ကြောင်း ပြည်သူကာကွယ်ရေး ရုံးရဲ့ပြောကြားချက်အရ သိရပါသည်။ အနီသတိပေးချက် မတိုင်ခင် လေကြောင်းပျံသန်းမှုကို ပေ(၆ထောင်)အောက်သာ ကနဦးခွင့်ပြုပေးခဲ့ပြီး လေဆိပ်များကို ဖွင့်ခွင့်ပေးထားခဲ့ပါသည်။ သြဂုတ်လ ၃၁ရက်နေ့က ပေါက်ကွဲမှုသည် (၁.၅)ကီလိုမီတာ ရှည်သည့်အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking