Sondag 31 Augustus 2014
အမေရိကန် မစ်ဆူရီတွင် လူမဲဆယ်ကျော်သက် တစ်ဦးအား ရဲအရာရှိက ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား
ယခုလ(၉)ရက်နေ့က အမေရိကန် မစ်ဆူရီမှာ ဖြစ်ပွားခဲ့သည့်
လူမဲဆယ်ကျော်သက် တစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်းပြီး နောက်သုံးပတ်
ကြာသည်အထိ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသမီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
ချီတက်ဆန္ဒပြသူများသည် (ဒုန့် ရွှတ်)ဆိုပြီး သံပြိုင်ဟစ်ြွေကးကာ အခြားကန့်ကွက် စာတန်းများ
ပါရှိတဲ့ တုတ်ပြားများ ကိုင်ဆောင်ထားကြပြီး အချို့ကတော့ (တီရှက်စ်)အင်္ကျီများမှာ စာတန်းများ
ရေးထိုးပြီး ဝတ်ဆင် ဆန္ဒပြခဲ့ကြပါသည်။ (၁၈)နှစ်အရွယ် ဘရောင်းက ရဲအရာရှိ ဝဲလ်ဆွန်ရဲ့
ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ကြိုးစားခဲ့လို့ ပစ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသော်လည်း
မျက်မြင်သက်သေများမှာ ဘရောင်းသည်၎င်း၏လက်ကို မြှောက်ပြီး မပစ်ပါနဲ့လို့ အညံ့ခံနေတဲ့ကြားက
ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Teken in op:
Plaas opmerkings (Atom)
Geen opmerkings nie:
Plaas 'n opmerking