Dinsdag 09 September 2014

အမျိုးသမီးဆိုက်ကားဆရာ ဒေါ်ယုန်လေး

မြန်မာအမျိုးသမီးတွေထဲမှာ ရှားပါးလှသည့် ဆိုက်ကားနင်းပြီး မိသားစုဘ၀၀မ်းကျောင်းနေသူ ဒေါ်ယုန်လေး၏အကြောင်းဖြစ်ပါသည်။

ဝင်ငွေနည်းအမျိုးသမီးတွေအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

ဝင်ငွေနည်းအမျိုးသမီးတွေအတွက် မိမိတို့တတ်နိုင်သလောက် နေ့စဉ်ငွေစုပြီး အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ရန်  တန်ဖိုးနည်းအိမ်ရာစီမံကိန်းတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက် ပေးနေကြောင်း သိရှိရပါသည်။

ကယားပြည်နယ်က ရိုးရာချည်ထည်လုပ်ငန်းတွေမှာ ဒေသခံအမျိုးသမီးတွေ နည်းပါးနေ

ကယားရိုးရာချည်ထည်လုပ်ငန်းခွင်မှာ ဒေသခံအမျိုးသမီးတွေ ၀င်ရောက်လုပ်ကိုင်နေမှု နည်းပါးနေကြောင်းသိရပါသည်။ 

Maandag 08 September 2014

ကျန်းမာရေး ဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့တို့၏ (MOU) လက်မှတ်ရေးထိုးပွဲ

ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF-Halland (AZG) တို့၏ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မနေ့က နေ့လည်ပိုင်းတွင် ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်နှင့် (MSF-Halland (AZG) မှ Deputy Head of Mission Mr. Jean- Christophe Dolle တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါ (MOU)  သည် သက်တမ်းကာလ (၂)နှစ်ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့တို့ ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ၊ မိခင်/ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၉.၇) သန်းခန့် ကျခံသုံးစွဲကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။


မြန်မာ့သစ်လုပ်ငန်း၏ အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း

ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၏ တတိယအကြိမ် အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို စက်တင်ဘာလ (၈)ရက်နေ့ နံနက်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)၊ တော်ဝင်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန အထွေထွေ မန်နေဂျာမှ အမှာစကားပြောကြားပါသည်။




မွန်ပြည်နယ် မော်လမြို့ မွန်ရိုးရာ ဆီဆွမ်းလောင်းလှူပွဲကျင်းပ

မွန်ရိုးရာ ဆီဆွမ်းလောင်းလှူပွဲတော်ကို စက်တင်ဘာလ (၇)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖားအောက်တိုက်နယ်၊ ရိုးဂိုးဘုရား ရင်ပြင်မှ သီလံခံယူပြီး ရိုးဂိုးရွာဟောင်း၊ ရိုးဂိုးရွာသစ်၊ ဖားအောက်၊ ကော့ခမယ်၊ ကော့ခပို၊ သူကြီးကုန်း၊ မြန်မာတန်းရပ်ရွာများတွင် လမ်းမကြီးတစ်လျှောက် မွန်ပြည်နယ် အတွင်းရှိ ရပ်နီးရပ်ဝေးရှိ ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များ၊ ဆီဆွမ်းအလှူခံ ကြွကြပါသည်။


တောင်ကြီးမြို့ ချမ်းသာရပ်ကွက် ဆဋ္ဌမအကြိမ်မြောက် (မဟာဒုတ်) စာရေးတံမဲပွဲ ကျင်းပပြုလုပ်

တော်သလင်း လပြည့်နေ့က ရှမ်းပြည်နယ်တွင် သာမက မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ မိဘပြည်သူများက ဘုရားကျောင်းကန်များ၊ မိမိတို့၏ နေအိမ်များတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နေကြသလို ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့ရှိ ချမ်းသာရပ်ကွက်တွင်လည်း ဆဋ္ဌမအကြိမ်မြောက် (မဟာဒုတ်) စာရေးတံမဲပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။


ပုလောမြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ (၈)ရက်နေ့တွင် ပုလောမြို့ အခြေခံပညာ အထက်တန်းကျောင်း န၀ရတ် ခန်းမတွင် ကျင်းပသည်။




တနင်္သာရီတိုင်းဒေသကြီးအတွင်း လောင်းလုံမြို့နယ်တွင် မိုးပွင့် စီမံချက်အဆင့် (၆)အရ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ထားဝယ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ NRC အဖွဲ့မှ တာဝန်ရှိသူများသည် ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီ ကျေးရွာ မူလတန်းကျောင်းတွင် စက်တင်ဘာလ (၇)ရက်နေ့တွင် မိုးပွင့် စီမံချက်အဆင့် (၆)အရ ကွင်းဆင်းဆောင်ရွက်ရာ ကျေးရွာပြည်သူလူထု တစ်ဦးချင်းဆီကို နိုင်ငံသား စိစစ်ရေး ကတ်ပြား (၁၄၁)ကတ်အား ပေးအပ်ခဲ့ပါသည်။


မြိတ်မြို့တွင် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲကျင်းပ

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျနှင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကို စက်တင်ဘာလ (၈)ရက်နေ့က ခရိုင်မီးသတ် ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။


ASEAN Culture Fair (2014) တွင် ဆိုင်ခန်းများ ခင်းကျင်းရောင်းချနိုင်ရေး အသိပေးကြေညာ

အာဆီယံ ယဉ်ကျေးမှုပွဲတော် (၂၀၁၄) ASEAN Culture Fair (2014) ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ပွဲတော်အတွင်း အာဆီယံနိုင်ငံများမှ ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ ရိုးရာ ဝတ်စားဆင်ယင်မှု ပြပွဲများ၊ အထိမ်းအမှတ်ပစ္စည်း  ရောင်းချခြင်းများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအစားအစာများ ခင်းကျင်းပြသခြင်းများ ပါဝင်ပြသ ရောင်းချသွားမည် ဖြစ်ပါသည်။ ပွဲတော်ကာလအတွင်း ပုဂ္ဂလိက ခင်းကျင်းရောင်းချ လိုသူများအနေဖြင့် မြန်မာ့ရိုးရာ အစားအစာများ (အသင့်စားသုံးနိုင်သော အစားအသောက်များ)၊ ရိုးရာယဉ်ကျေးမှု အဝတ်အထည်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ခင်းကျင်း ရောင်းချနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ဆိုင်ခန်း တစ်ခန်းလျှင် (၉)ပေပတ်လည် အမိုးပါအခန်းများ ဆောက်လုပ် ပေးထားမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် ခင်းကျင်း ပြင်ဆင်ခြင်းများ ပြုလုပ်ဖွင့်လှစ် ရောင်းချရန် ဖြစ်ပါသည်။ ဖွင့်လှစ် ရောင်းချလိုသူများ အနေဖြင့် လျှောက်လွှာပုံစံများအား ဦးသန့်ဇင်ဦး၊ ညွှန်ကြားရေးမှူး(စီမံ)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ဖုန်း-ဝ၉- ၅၁၂၁ ၄၅၁ နှင့် ဇီနော်န် ကုမ္ပဏီများတွင် ဆက်သွယ် ရယူနိုင်ကြောင်း သိရှိရပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၉)ရက် ဒီကနေ့တွင် ကျရောက်သော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား အလုပ်သမားပါတီ ပထမအတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေး ကော်မရှင် ပထမဥက္ကဌနှင့် ကိုရီးယား ပြည်သူ့တပ်မတော် သေနာပတိချုပ် မစ္စတာ ကင်ဂျုံအွန်း၊ ဗဟိုပြည်သူ့လွှတ်တော် သဘာပတိအဖွဲ့ ဥက္ကဌ မစ္စတာ ကင်ယုံနမ်နှင့် ဝန်ကြီးချုပ် မစ္စတာ ပတ်ပုံဂျူ တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။


နယ်သာလန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ မက်စ်လန်းကရင်း ရေထိန်းတံခါးသို့ ရောက်ရှိ

နယ်သာလန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာလ (၈)ရက် ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် ခေတ္တတည်းခိုသည့် ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြပြီး မက်စ်လန်းကရင်း ရေထိန်းတံခါးသို့ ရောက်ရှိကြရာ နယ်သာလန်နိုင်ငံ အခြေခံ အဆောက်အအုံနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးမိစ် ရှလောက်ဗန် ဟေဂန် နှင့် အဖွဲ့က ကြိုဆို နှုတ်ဆက်ကြသည်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ရှင်းလင်းခန်းမတွင် ရေထိန်းတံခါး တည်ဆောက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ရေထိန်းတံခါး တည်ဆောက်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှု လေ့လာကြသည်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Marco Polo သင်္ဘောပေါ်မှ ရိုလာဒန်  ဆိပ်ကမ်းအနီးရှိ (၁)ထောင် မဂ္ဂါဝပ်ရှိ ကျောက်မီးသွေး စက်ရုံကို ကြည့်ရှုလေ့လာ ကြပါတယ်။


ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုန်နှင့် အဖွဲ့ဝင်များ မူဆယ်မြို့သို့ ရောက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ရောက်ရှိနေတဲ့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ (၈)ရက် မနက်ပိုင်းက မူဆယ်မြို့သို့ ရောက်ရှိကြပါသည်။




ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာငုရင်ဖူထရွန် အား စက်တင်ဘာလ (၆)ရက် ညနေ (၅)နာရီတွင် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သို့ သွားရောက် တွေ့ဆုံနှုတ်ဆက်သည်။


ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗီယက်နမ်-မြန်မာ ရင်းနှီးမြှုပ်နှံသူများအသင်း နှင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ပူးတွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ်-မြန်မာ ရင်းနှီးမြှုပ်နှံသူများအသင်း (AVIM) နှင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV) ပူးတွဲဥက္ကဋ္ဌမစ္စတာ ထရန်ဘက်ဟာ နှင့် အဖွဲ့ဝင်များအား စက်တင်ဘာလ (၇)ရက် နံနက် (၁၀)နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ (BIDV) တာဝါ၌ တွေ့ဆုံသည်။



နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံသို့ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၉)ရက် ဒီကနေ့တွင် ကျရောက်သော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတ ရိဆုယုံ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။







Sondag 07 September 2014

ရွှေပါရမီ ပရဟိတ ပညာသင်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်း အခမ်းအနား

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ ဥယျာဉ်တော်ကျေးရွာ ရွှေပါရမီ ပရဟိတ ပညာသင်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာ(၇)ရက်နေ့က ကျင်းပခဲ့ပါသည်။


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သဘာဝဘေး လျော့ပါးရေးနှင့် ပတ်သက်ပြီး သွားရောက်ကွင်းဆင်း ကြည့်ရှုလေ့လာ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ကချင်ပြည်နယ် အတွင်း သဘာဝ ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များသင်တန်းရှိ သင်တန်းဆင်း လူငယ်များမှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့ စက်တင်ဘာလ (၅)ရက်နေ့ မနက်က သဘာဝဘေး လျော့ပါးရေးနှင့် ပတ်သက်ပြီး သွားရောက်ကွင်းဆင်း ကြည့်ရှုလေ့လာခဲ့ပါသည်။ အဆိုပါလေ့လာရေး အဖွဲ့ဟာ ခတ်ချိုဒေသခံ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံကာ ကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ရန်များကို ဆွေးနွေး လေ့လာခဲ့ကြပါတယ်။ သဘာဝဘေး လျော့ပါးရေး စေတနာဝန်ထမ်း လူငယ်သင်တန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ခဲ့သည်မှာ အခုအထိ (၁၅)ကြိမ်ရှိပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီသတင်းကို တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း ကချင်ပြည်နယ် မြစ်ကြီးနားဗျူရိုမှ ပေးပို့ခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲ၏ ပေါင်းစုယှဉ်ပြိုင် ဘယ်သူနိုင် ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲ၏ လစဉ်ပြိုင်ပွဲအစီအစဉ် တစ်ခုဖြစ်တဲ့ ပေါင်းစုယှဉ်ပြိုင် ဘယ်သူနိုင် အစီအစဉ်ကို စက်တင်ဘာလ(၇)ရက်က လှိုင်မြို့နယ် ဘူတာရုံလမ်းမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများ တိုးတက်ဖွံ့ဖြိုးရေး ပရဟိတ (ကျား)ကျောင်းမှာ ကျင်းပခဲ့ပါသည်။


ဗန်းမော်မြို့ သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ကချင်ပြည်နယ်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့ မနက်က ဗန်းမော်မြို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စိုက်ပျိုးလေ့ကျင့် ပညာပေး ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ နယ်စပ်ဒေနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ မှ အမှာစကား ပြောကြားပါတယ်။ အဲဒီနောက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိက သင်တန်း အဖွင့် အမှာစကားကို၎င်း၊ UNDP (Early Recovery Manger (မစ္စတာ စတီးန် အေအန် ရှီဘန်ဒ်) မှ နှုတ်ခွန်းဆက် စကားကို၎င်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် ကချင်ပြည်နယ် ညှိနှိုင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို၎င်း ရှင်းလင်းပြောကြားပါတယ်။ သင်တန်းတွင် သင်တန်းသား (၂၃)ဦး တက်ရောက်ခဲ့ပါတယ်။ အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြစ်ကြီးနား ဗန်းမော် အသက်မွေးဝမ်းကျောင်း သင်တန်းများ တာဝန်ခံ မှ အခုလို ပြောကြားသွားပါသည်။


သန်လျင်မြို့ ခရိုင် ပြန်/ဆက်ဦးစီးဌာနမှ တတိယအဆင့်အရှိန်မြှင့်တင်မှု အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၇) မနက် (၈)နာရီခွဲ မှာ သန်လျင်မြို့ရှိ ခရိုင် ပြန်/ဆက် ဦးစီးဌာန  အစည်းအဝေး ခန်းမမှာ ကျင်းပရာ ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဦးလှမျိုးအောင်က အမှာစကား ပြောကြားပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရမည့် အပိုင်း (၂)ပိုင်းအကြောင်း၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ သုံးခွ၊ ဒလ၊ သန်လျင် ကျောက်တန်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများက သတင်းမီဒီယာ ဥပဒေ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ဒီမိုကရေစီ ပြောင်းလဲခြင်းနှင့် အရင်းအမြစ်များ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ခံမှု၊ တာဝန်ယူ လုပ်ဆောင်ရမည့် တည်မြဲအမိန့်များနှင့် ပတ်သက်ပြီး လမ်းညွှန် မှာကြားချက်များအား မြို့နယ်ဦးစီးမှူးများက ရှင်းလင်းဆွေးနွေးကြပါတယ်။ အဲဒီနောက် တက်ရောက်လာကြသော မြို့နယ်များမှ ဝန်ထမ်းများက ပြန်လည်မေးမြန်းခြင်း ဖြေကြားခြင်းများ ဆောင်ရွက်ကြပါတယ်။ အဆိုပါ သင်တန်းသို့ ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။


ပဲခူးတက္ကသိုလ် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ ကရင်စာပေ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ကရင်သီချင်းပြိုင်ပွဲကျင်းပ

ပဲခူးတက္ကသိုလ် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ ကရင်စာပေ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ကရင်သီချင်းပြိုင်ပွဲကို စက်တင်ဘာ(၆)ရက်က ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂျူဘလီစံလှနှင့် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောကြည်စိုး တို့က အမှာစကား ပြောကြားခဲ့ကြပါတယ်။ အဲဒီနောက် ကရင်ရိုးရာ အကနဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ ဆက်လက်ပြီး ကရင်စာပေ စာဖတ် စွမ်းရည်နှင့် ကရင်သီချင်းပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။ အဲဒီနောက် ကရင်ရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။ ပြိုင်ပွဲအပြီးမှာ ဆုရရှိသူများနှင့် ထူးချွန် ကရင် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြပါသည်။


ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်တွင် ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ ကျင်းပ

စက်တင်ဘာ(၇)ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်မှာ ကမ္ဘာ့အကြောအဆစ်ကု ပညာနေ့ကို ကျင်းပခဲ့ပါသည်။


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးမြို့အနီး ထင်းရှုးမြိုင်မြို့ကွက်သစ် တည်ဆောက်ရေးစစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့များသည် စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်းတွင် လားရှိုးမြို့အနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထင်းရှုးမြိုင်မြို့ကွက်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ရောက်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင်ဘာလ (၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှ Royal Dutch  လေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ (၃)နာရီ(၅၅)မိနစ်တွင် ရောက်ရှိကြပါသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား နယ်သာလန်နိုင်ငံ သံမန်ရေးရာဦးစီးဌာန အကြီးအကဲ၊ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့်အိုးရှင်းနီးယားရေးရာ ဦးစီးဌာန အကြီးအကဲတို့က အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက် ကြပါသည်။ အဲဒီနောက် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမယ့် သည်ဟေ့မြို့ရှိ ဘဲအဲဟိုတယ် သို့ရောက်ရှိကြပါသည်။  


ပတ္တမြား FM Radio to Live (DVD) Promotion ကျင်းပ

ရန်ကုန်မြို့တွင် ဖမ်းယူနားဆင်နိုင်သော ပတ္တမြား(FM) ရဲ့ (88.2)MHz အသစ်အား ပရိသတ်များထံ အသိပေး မိတ်ဆက်ရန်နှင့် ရေဒီယို သီချင်းကောင်းများကို လူငယ်ပရိသတ်များ ပြန်လည်သိရှိလာစေပြီး နှစ်သက်အားပေးရန် ရည်ရွယ် ပြုလုပ်တဲ့ ပတ္တမြား FM Radio to Live (DVD) Promotion ကို ရန်ကုန်မြို့  Junction Square တွင် စက်တင်ဘာလ (၆)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရပါသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အသုံးချသိပ္ပံပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာ ကြည့်ရှု၊ စိုက်ပျိုးမွေးမြူရေး ခြံသို့ လေ့လာ၊ ဆွစ်ဇာလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေနှင့် သံရုံးမိသားစုဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင်ဘာလ (၆)ရက် ဒေသစံတော်ချိန် နေ့လယ် (၃)နာရီ (၅)မိနစ်တွင် အသုံးချသိပ္ပံပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တက္ကသိုလ်၏ ညွှန်ကြားရေးမှူး Dr. Schindler Stokar Magdalena က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ဆွစ်ဇာလန် အုပ်ချုပ်ရေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။


ကယားပြည်နယ် ဝန်ကြီးချုပ် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးသို့ သွားရောက်ကြည့်ရှု

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးသည် စက်တင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သီရိမင်္ဂလာဈေး ပြင်ပနေရာတွင် ယာဉ်ရပ်နားရန် သတ်မှတ်နေရာ ချထားရေး၊ ရေစီးရေလာ ကောင်းမွန်လာစေရန်၊ ဖုန်းကြိုး မီးကြိုးများ စနစ်တကျ သွယ်တန်းရေး၊ ပျံကျဈေးသည်များ အမိုးအကာ ဆောက်လုပ်ပြီး စနစ်တကျ ရောင်းချရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရှင်းလင်းရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဈေးအတွင်းရှိ သား၊ ငါး၊ ဈေးတန်း များနှင့် ဟင်းသီးဟင်းရွက်၊ ပန်း ဈေးတန်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။


စစ်ကိုင်းတိုင်း ဒေသကြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း (၂၀၁၃-၂၀၁၄) ခုနှစ် နှစ်ပတ်လည် အစည်းအဝေး

စစ်ကိုင်းတိုင်း ဒေသကြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း (၂၀၁၃-၂၀၁၄) ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို စက်တင်ဘာလ (၂)ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ဇေယျာပဒေသာ ဖောင်ဒေးရှင်းနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဇေယျာပဒေသာ ဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတို့က ဇေယျာပဒေသာ ဖောင်ဒေးရှင်း လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေနှစ်ချုပ် စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။


ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ

ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (ပထမနေ့)ကို စက်တင်ဘာလ (၅)ရက်နေ့က စတင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။


မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲ

တနင်္သာရီတိုင်းဒေသကြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ (၅)ရက်နေ့ နံနက်(၈)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝေါလ်ဗစ်ရှင်း မှ တာဝန်ရှိသူတို့က "လူသားအချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့" ခေါင်းစဉ်ဖြင့် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲဝင်နေသော (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား ကျောင်းသူများအား ကြည့်ရှု အားပေးပါသည်။ လူသားအချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၅)ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၅)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၆)ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၄၆)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပါသည်။ အဆိုပါ ကျောင်းသား ကျောင်းသူများကို ဝေါလ်ဗစ်ရှင်း မှ တာဝန်ရှိသူများက စားသောက်ကုန်မျိုးစုံ၊ ကျောင်းသုံးပစ္စည်းနှင့် ပညာပေးစာအုပ် စာစောင်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။


ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို မနေ့က နံနက်ပိုင်းက အဆိုပါ နေရာမှာ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များအား မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်မှာ စီမံကိန်း ဒါရိုက်တာ ဦးသက်လင်း က တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး  တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများ မြန်ဆန်သွက်လက်စွာ ပြီးမြောက်စေရေး၊ သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား

၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၆)ရက်နေ့ နေ့လည်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။


Myanmar e-Sports Championship ဖွင့်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲ တက်ရောက် အားပေး

အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် စက်တင်ဘာ (၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သည့် (Myanmar e-Sports Championship) ပြိုင်ပွဲသို့ တက်ရောက်ပြီး (Myanmar e-Sports Championship) မှ တာဝန်ရှိသူများနဲ့အတူ ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသော ဧည့်သည်တော်များက ပြိုင်ပွဲတွင် ပါဝင်သည့် အသင်း(၂)သင်း၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသည် Computer Net Game ကစားသည့် အဆင့်မှ ကမ္ဘာ့အဆင့်မှီ e-Sports ထိ တက်လှမ်းနိုင်ရန် မြန်မာပြည်သူများကို ပထမဦးဆုံး ချပြခဲ့သော (Myanmar e-Sports Championship)  ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ပြိုင်ပွဲတွင် ပထမဆု ရရှိပါက ဆုကြေးငွေကျပ် သိန်း(၅၀)ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေကျပ် သိန်း(၁၂၀)ချီးမြှင့် သွားမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ၂၀၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲကို ကြည့်ရှု အားပေးခဲ့ပါသည်။ ပြိုင်ပွဲတွင် နေပြည်တော်နှင့် ရှမ်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက နေပြည်တော် တိုင်းဒေသကြီး အသင်းအား (၆)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာလ (၁၄)ရက်နေ့အထိ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဗြိတိန်နိုင်ငံ ဝေးလ်မြို့မှာ ကျင်းပနေသည့် နေတိုးထိပ်သီး ဆွေးနွေးပွဲ

ဗြိတိန်နိုင်ငံ ဝေးလ်မြို့မှာ ကျင်းပနေသည့် နေတိုးထိပ်သီး ဆွေးနွေးပွဲဟာ စက်တင်ဘာလ (၅)ရက်နေ့ သောကြာနေ့က ပြီးဆုံးသွားခဲ့သော်လည်း အာဖဂန်နှင့် ယူကရိန်း အရေးကိစ္စများနှင့် ပတ်သတ်ပြီး ထိရောက်သည့် အဖြေရရှိဖို့ အလားအလာ မရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သဘောထား ကွဲလွဲမှုအနည်းဆုံး ခေါင်းစဉ်ကတော့ (၂၀၁၄)ခုနှစ်အကုန်တွင် နေတိုးဦးဆောင်သည့် နိုင်ငံတကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အာဖဂန်မှ အပြီးတိုင် ဆုတ်ခွာသွားပြီးနောက်မှ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များကို ကူညီထောက်ပံ့ပေးရေးပဲ ဖြစ်ပါသည်။ ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများအနေနှင့် အဖြေထုပ်ဖို့ ခက်ခဲနေပြီး မဟာမိတ်နိုင်ငံများကို ထိရောက်စွာ ကာကွယ်ပေးမည့် ဆောင်ရွက်ရန်ရှိသော အစီစဉ်များကိုတော့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် အန်ဒါဖော့ဂ်ရော့စ်မူဆန်က စက်တင်ဘာလ (၅)ရက်နေ့ သောကြာနေ့က ထုပ်ပြန်ခဲ့ပါသည်။ ယူကရိန်ပဋိပက္ခမှာ ရုရှား၏ အပြုအမူများကို နေတိုးအဖွဲ့ဝင်နိုင်ငံများက ဆန့်ကျင်ခဲ့ပေမယ့် ၄င်းကို ဟန့်တားဖို့အတွက်  ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အများသဘောတူတဲ့ အဖြေတစ်ခုရရှိဖို့ ခက်ခဲနေသေးကြောင်း သိရှိရပါသည်။


ဂျပန်ဝန်ကြီးချုပ် တောင်အာရှဒေသသို့ ပထမဆုံးလာရောက်သည့် ဝန်ကြီးချုပ်အဖြစ် ဘင်္ဂလာဒေရှ့် နိုင်ငံသို့ (၂)ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ (၁၄)နှစ်အတွင်း တောင်အာရှဒေသသို့ ပထမဆုံးလာရောက်သည့် ဝန်ကြီးချုပ်အဖြစ် ဘင်္ဂလာဒေရှ့် နိုင်ငံသို့ (၂)ရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာလ (၆)ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အာဘေးကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပါသည်။ အာဘေးဟာ (၁၄)နှစ်အတွင်း ဘင်္ဂလားဒေရှ့်သို့ လာရောက်သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုကျိုသို့ သွားရောက်လည်ပတ်ပြီး (၃)လအကြာမှာ ၄င်းခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါသည်။ အာဘေးရဲ့ လာရောက်မှုဟာ နောက်(၄)(၅)နှစ်အတွင်း ယန်ဘီလီယံ (၆၀ဝ)ရင်နှီးမြှပ်နှံရန် ဂျပန်နိုင်ငံရဲ့ ကတိပေးထားမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုကို ဖော်ဆောင်လာတာ ဖြစ်ပါသည်။ ဂျပန်နိုင်ငံဟာ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ(၃၄)ဘီလီယံ ရင်နှီးမြှပ်နှံရန် ကတိပြုခဲ့ပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်နဲစေရန် ''အထူးမဟာ ဗျူဟာမြောက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဘက်'' ကို စတင်ခဲ့ပါသည်။ အာဘေးရဲ့ ခရီးစဉ်ဟာ သီရိလင်္ကာနိုင်ငံမှာ ပြီးဆုံးမှာဖြစ်ပြီး တောင်အာရှကျွန်နိုင်ငံနဲ့ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးမြှင့်တင်ရန် ကိုလန်ဘိုနိုင်ငံသို့ ဒီကနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း သိရှိရပါသည်။


အီဘိုလာကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ (၂၀ဝ၀)အထက်ရှိသွားပြီဖြစ်ကြောင်း (WHO)က ပြောကြား

အီဘိုလာကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ (၂၀ဝ၀)အထက်ရှိသွားပြီဖြစ်ကြောင်း စက်တင်ဘာလ(၅)ရက်နေ့ သောကြာနေ့က (WHO)က ပြောကြားခဲ့ပြီး ၄င်းတို့မျှော်လင့်နေသည့် ကာကွယ်ဆေးတစ်မျိုးကို နိုဝင်ဘာလတွင် အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရပါသည်။ ရောဂါစတင်ဖြစ်ပွားသည့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လိုက်ဘေးရီးယား၊ ဂီရီနဲ့           ဆီရီရယ်လျူန်းတွင် ရောဂါကူးစက်ခံရသူ (၃၉၄၄)ဦးမှာ (၂၀၉၇)ဦး သေဆုံးခဲ့ပြီးကြောင်း ဂျနီဗာမှာကျင်းပသည့် နှစ်ရက်ကြာ ဆွေးနွေးပွဲပြီးနောက် ကုလသမဂ္ဂ၏ ကျန်းမာရေး အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံဟာ ကူးစက်ခံရသူ (၂၂)ဦးမှာ (၈)ဦးသေဆုံးခဲ့ပြီး ကွန်ဂိုနိုင်ငံမှာ (၃၀)ကျော် သေဆုံးခဲ့ပါသည်။







အမေရိကအလယ်ပိုင်းနှင့် တောင်ပိုင်းမှ ကိုကိုးစေ့များဟာ အရည်အသွေးမြင့်မားပြီး ဈေးကွက်အကျိုးအမြတ်များ ဖြည့်ဆည်းပေးလျှက်ရှိ

လက်တင်အမေရိကနိုင်ငံဟာ ကိုကိုးပင်၏ စိုက်ပျိုးရာဇာတိဖြစ်ပြီး အမြောက်အများ ထုပ်လုပ်မှုမှာ အနောက်အာဖရိကနဲ့စာရင် နောက်ကျကျန်ရစ် နေခဲ့ပေမယ့် ကမ္ဘာ့ဝယ်လိုအားကတော့ မြင့်တက်နေပြီး အထူးသဖြင့် အာရှဒေသမှာဖြစ်ကြောင်း သိရပါသည်။ အမေရိကအလယ်ပိုင်းနှင့် တောင်ပိုင်းမှ ကိုကိုးစေ့များဟာ အရည်အသွေးမြင့်မားပြီး ဈေးကွက်အကျိုးအမြတ်များ ဖြည့်ဆည်းပေးလျှက်ရှိကာ အထူးသဖြင့် ဥရောပရှိစားသုံးသူများအကြား ဖြစ်ပါတယ်။ ကိုကိုးဈေးကွက်ဟာ အာရှဒေသတွင်  နောက်(၄၊၅နှစ်)အတွင်း (၅%မှ၉%)ထိ မြင့်တက်လာမှာဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး ကိုကိုးထုပ်လုပ်သူ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ လက်တင်အမေရိကဟာ (၂၀၁၃-၂၀၁၄)မှာ ကမ္ဘာ့ထုပ်လုပ်ရေး၏ (၁၆%)ထိရှိလာမှာဖြစ်ကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ ကိုကိုးအဖွဲ့အစည်း (အိုင်စီစီအို)ရဲ့ ပြောကြားချက်အရ သိရပါသည်။


အီတလီလေကြောင်း ထိန်းချုပ်သူများက လေးနာရီကြာ ဆန္ဒပြမှုတွေ ပြုလုပ်နေသည့် အတွက်ကြောင့် ဥရောပလေကြောင်းလိုင်းမှ ခရီးသည်များ (ဖီယူမီစီနို)လေဆိပ်တွင် သောင်တင်

အီတလီနိုင်ငံသို့ အသွားအပြန် ပြုလုပ်နေသည့် ဥရောပလေကြောင်းလိုင်းမှ ခရီးသည်များဟာ (ဖီယူမီစီနို)လေဆိပ်မှာ အီတလီလေကြောင်း ထိန်းချုပ်သူများက လေးနာရီကြာ ဆန္ဒပြမှုတွေ ပြုလုပ်နေသည့် အတွက်ကြောင့် စက်တင်ဘာလ (၆)ရက်နေ့က သောင်တင်နေခဲ့ကြောင်း သိရပါသည်။ ဒါဟာ လေကြောင်းသွားလာမှုကို အဓိက အနှောက်အယှက် ဖြစ်စေပါသည်။ အီးဇီးဂျက် လေကြောင်းလိုင်းက ဗြိတိန်သို့ အသွားအပြန် ပြေးဆွဲတဲ့ လေယာဉ်အစီး(၂၀) အပါအဝင် လေယာဉ်ခရီးစဉ် (၆၀)ခန့် ထိခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး (ရန်း) လေကြောင်းလိုင်းကတော့ လေကြောင်းခရီးစဉ် (၉၆)ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရပါသည်။ ဗြိတိန် လေကြောင်းလိုင်းကတော့ လေယာဉ်အချို့ရဲ့ ခရီးစဉ်ကို ပြန်လည်ရေးဆွဲမယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ဂျာမနီမီးရထား လုပ်သားများအဖွဲ့ (ဂျီဒီအယ်လ်)မှ မီးရထားမောင်းသူများဟာ လုပ်အားခ တိုးမြှင့်ဖို့နှင့် အလုပ်ချိန် လျော့ချဖို့အတွက် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြ

ဂျာမနီမီးရထား လုပ်သားများအဖွဲ့ (ဂျီဒီအယ်လ်)မှ မီးရထားမောင်းသူများဟာ လုပ်အားခ တိုးမြှင့်ဖို့နှင့် အလုပ်ချိန် လျော့ချဖို့အတွက် နိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလ (၆)ရက်နေ့က ဆန္ဒပြခဲ့ကြောင်း သိရပါသည်။ မီးရထားလုပ်သားအဖွဲ့မှာ မီးရထားမောင်းသူများ ရထားလက်မှတ်ရောင်းသူများနှင့် ရထားလမ်းလွှဲသူများ စုစုပေါင်း (၃သောင်း၇ထောင်)ခန့်ရှိပြီး လုပ်ခကို (၅)ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့နဲ့ အလုပ်ချိန်ဟာ ယခုလက်ရှိ(၃၉)နာရီမှ (၃၇)နာရီထိ လျော့ချပေးဖို့ တောင်းဆို ဆန္ဒပြတာပဲဖြစ်ပါသည်။ ယခုလိုဆန္ဒပြမှုများဟာ ဥရောပရဲ့ အကြီးဆုံး စီးပွားရေး အချက်အချာကျတဲ့ နိုင်ငံဖြစ်တဲ့ ဂျာမနီမှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပဲဖြစ်ပါသည်။ မီးရထား လုပ်သားများဟာ ယခုလ တစ်ရက်နေ့မှာတော့ သုံးနာရီကြာအောင် ဆန္ဒပြခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ လေယာဉ်မှုးများဟာ ဖရန်းဖွတ်လေဆိပ်မှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် (၆)နာရီကြာအောင် ဆန္ဒပြခဲ့တဲ့အတွက် ဂျာမနီလေကြောင်းလိုင်း (လန်သန်ဆာ)ဟာ လေကြောင်းလိုင်း ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။


တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံဂျန်ပြည်နယ်တွင် သေဒဏ်အမိန့်ချခံထားရတဲ့ သူတစ်ဦးဟာ အခြားအကျည်းသား နှစ်ဦးနဲ့အတူ ထောင်စောင့်အားသတ်ပြီး ထွက်ပြေး

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံဂျန်ပြည်နယ်တွင် သေဒဏ်အမိန့်ချခံထားရတဲ့ သူတစ်ဦးဟာ အခြားအကျည်းသား နှစ်ဦးနဲ့အတူ ထောင်စောင့်အားသတ်ပြီး စက်တင်ဘာလ (၂)ရက်နေ့ အင်္ဂါနေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းစီးလျှက် ရှိပါသည်။ တာဝန်ရှိသူများဟာ ဟာဘင်မြို့အနီးရှိ တောင်တစ်လုံးရဲ့ဝန်းကျင်နဲ့ မင်္သကာဖွယ်ရာ နေရာများကို လျှင်မြန်စွာ ရှာဖွေခဲ့ပေမယ့် ၄င်းထောင်ဖောက်ပြေးသူ အသက်(၅၀)အရွယ် (ဂါအို ယူလန်)ဆိုသူရဲ့ အရိပ်အရောင်ကိုတောင် မတွေ့ရဘဲဖြစ်နေပါတယ်။ အခြားထောင်ဖောက်ပြေးသူ နှစ်ဦးကိုတော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တို့မှာ ဖမ်းစီးခဲ့တယ်လို့ သိရှိရပါသည်။


အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်မှာ ကျင်းပတဲ့ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနား

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်မှာ ကျင်းပတဲ့ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ ဒတ်စတင်-ဟော့ဖ်မန်း၊ တွမ်ဟာဒီနဲ့ နိုမီရာပေ့စ်တို့ တက်ရောက်ခဲ့ကြပါသည်။ ဒါ့အပြင် ပရိတ်သတ်ပေါင်း များစွာလည်း တက်ရောက်ခဲ့ကြပြီး အနုပညာရှင်များက အမှတ်တရလက်မှတ်များ ရေးထိုးပေးခဲ့ကြတယ်လို့ သိရပါသည်။ ထို့အတူ ပြင်သစ်နိုင်ငံ ကယ်လ်ဗာဒိုမှာလည်း နှစ်လေးဆယ်မြောက် ဒိုဗီးလ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ဂျက်စီကာ-ချက်စတင်နဲ့ ဝူဒီအာလန်တို့ရဲ့ ဇာတ်ကားသစ်များဟာ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့ကြောင်း သိရပါသည်။


အီတလီနိုင်ငံ (နာပီလ်စ်း)မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပီဇာပွဲတော်ကို ကျင်းပခဲ့

အီတလီနိုင်ငံ (နာပီလ်စ်း)မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပီဇာပွဲတော်ကို ယခုစက်တင်ဘာလမှာ ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ပီဇာပြုလုပ်သူများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတယ်လို့ သိရပါသည်။ ကျော်ကြားလှတဲ့ (နီပိုလေးရှင်း)ပီဇာပွဲတော်ကို ကျင်းပလျှက်ရှိပြီး အီတလီမှ ပီဇာစားသုံးသူများကတော့ ၄င်းမုန့်ကို ယူနက်စကိုမှ အာမခံပေးထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုကြပါသည်။ နှစ်စဉ်နှစ်တိုင်း ၄င်းပွဲတော်မှာ နိုင်ငံတကာမှ ပီဇာပြုလုပ်သူများဟာ အရသာကောင်းမွန်လှတဲ့ ပီဇာများကို ပုံသဏ္ဍန်အမျိုးမျိုး ပြုလုပ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါသည်။


ပါကစ္စတန်နိုင်ငံ တစ်ဝန်းမှာ မုတ်သုန်မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ အိမ်များ အစိုးရအဆောက်အဦးများနှင့် ကျောင်းများဟာ ရေလွှမ်းမိုးခြင်း ခံခဲ့ရ

ပါကစ္စတန်နိုင်ငံ တစ်ဝန်းမှာ မုတ်သုန်မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ အိမ်များ အစိုးရအဆောက်အဦးများနှင့် ကျောင်းများဟာ ရေလွှမ်းမိုးခြင်း ခံခဲ့ရပြီး လူပေါင်း(၁၅၀)ထက် မနည်း သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးမှုဟာ ဆက်လက်မြင့်တက် နိုင်ကြောင်းလဲ သိရပါသည်။ လမ်းမများဟာ ပိတ်ဆို့နေခဲ့ပြီး လျှပ်စစ်မီးတွေလဲ ပျက်တောက်ခဲ့ရပါသည်။ ပါကစ္စတန်နိုင်ငံဟာ ပုံမှန်အားဖြင့် မုတ်သုံရာသီအတွင်း ဆိုးရွားတဲ့ ရေကြီးခြင်းနှင့် မြေပြိုခြင်းတွေကို တွေ့ကြုံခံစားရပေမဲ့ အာဏာပိုင်များကတော့ ဆယ်စုနှစ်နှစ်ခုအတွင်း ဒေသအချို့ဟာ ဆိုးရွားတဲ့ ရေကြီးခြင်းတွေကို ခံစားနေရကြောင်း ပြောကြားခဲ့ပါသည်။ အမျိုးသား သဘာဝ ဘေးအန္တရာယ် ထိန်းချုပ်ရေးအဖွဲ့က ဆက်လက်ဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပါသည်။ ပါကစ္စတန်တပ်ဖွဲ့ဟာ ၄င်းတို့အား ဖုန်းဖြင့် အကြောင်းကြားထားပြီး အရေးပေါ် အခြေအနေအဖြစ် ကြေငြာခဲ့ကြောင်း သိရှိရပါသည်။


အားကစားသတင်း

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ မက္ကဆီကိုကလပ် ကွာရာတာရိုအသင်းနဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါသည်။ ဒင်ဟိုဟာ ဘရာဇီးကလပ် အသက်လက်တီကို-မင်နဲရိုးနဲ့ ပြီးခဲ့တဲ့ ဂျူလိုင်လကတည်းက လမ်းခွဲခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေကာ ကွာရာတာရိုက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါသည်။ ၄င်းဟာ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ အေစီမီလန်တို့မှာ ကစားခဲ့ပြီး ကွာရာတာရိုမှာတော့ ကျောနံပါတ်(၄၉)ကို ဝတ်ဆင်ကစားမှာဖြစ်ကာ ၄င်းရဲ့ လပ်ကီးနံပါတ်ဖြစ်တယ်လို့ သိရပါသည်။


Saterdag 06 September 2014

နိုင်ငံတော်သမ္မတ ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သော ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဒဲလ်မားဗာနာ ရိုးဆပ်(ဖ်) ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။


ဆွစ်ဇာလန်နိုင်ငံ သမ္မတမှ ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်

ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၅)ရက် ဒေသစံတော်ချိန် ညနေ (၅)နာရီတွင် ဆွစ်ဇာလန် နိုင်ငံ သမ္မတ အိမ်တော် Lohn Manor ဧည့်ဂေဟာ၌ ကျင်းပသည့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ Mr. Didier Burkhalter က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်သည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့ ဘန်းမြို့ရှိ Payerne Air Base ပိုင်ယန်းလေတပ်စခန်း နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နှင့် Nestle စက်ရုံသို့ ကြည်ရှု

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့သည် စက်တင်ဘာ (၆)ရက် နံနက် (၉)နာရီခွဲတွင် ဘန်းမြို့ရှိ Payerne Air Base ပိုင်ယန်းလေတပ်စခန်းသို့ သွားရောက်၍ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်အား ကြည်ရှု လေ့လာကြသည်။


ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့သို့ ချစ်ကြည်ရေးခရီး

ပြည်ထောင်စုလွှတ်တော်  နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung ၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များ ဖြစ်ကြသော ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့မှ စက်တင်ဘာလ (၅) ရက်နေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ည (၉)နာရီခွဲတွင် ရောက်ရှိခဲ့သည်။


ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဌ နှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဌ  Mr. Nguyen Sinh Hung နှင့် စက်တင်ဘာလ (၆)ရက် နံနက် (၉)နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ အစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။


ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သော ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လူးဝစ်ဇ် အယ်လ်ဘာတို ဖီဂိုရေဒို ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။




လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွား ရုပ်ရှင်ပွဲတော် ကျင်းပ

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွား ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ (၆)ရက်နေ့က နေပြည်တော်ရှိ Junction Mini Theater တွင် ဒုတိယမြောက် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


မြန်မာဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် ဆုဖလား ရရှိ

ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် စက်တင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီက ယှဉ်ပြိုင် ကစားရာ မြန်မာအသင်းက (၃)ဂိုး-(၂)ဂိုးဖြင့် အနိုင်ရှိပြီး ချန်ပီယံဆု ရရှိသွားသည်။ ၂၀၀၆ မာဒေးကားဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမှုကို မြန်မာ့လက်ရွေးစင် အသင်းက အဆုံးသတ်နိုင်ခဲ့ပြီး ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အတွင်းတွင် အိမ်ရှင်အသင်းနှင့် ကစားခဲ့ရသောကြောင့် ခက်ခဲစွာ ကစားခဲ့ရပြီး အချိန်ပိုတွင် သွင်းယူခဲ့သော အနိုင်ဂိုးဖြင့် အောင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။




နေတိုးထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့ ဖွင့်လှစ်

နေတိုးအကြီးအကဲ ရပ်စ်မူဆန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ ပူးပေါင်းပြီး ဝေးလ်မှာကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ (၅)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပါသည်။ ရပ်စ်မူဆန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရန်တာဝန်ရှိပြီး ယူကရိန်းအဖော်ရုရှား၏ သက်ရောက်မှုနှင့် အရှေ့အလယ်ပိုင်းက အစွန်းရောက်ဝါဒီ ပြသနာများသည် နေတိုးအဖွဲ့အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်သည်ဟုဆိုပါသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း နေတိုးအကြီးအကဲနှင့် အမြင်တူနေပြီး ရုရှားအရေးနှင့် အရှေ့အလယ်ပိုင်းက ပြသနာတွေကို ရင်ဆိုင်နိုင်ရန် နေတိုးအဖွဲ့ကို လိုအပ်သည်ဟု ပြောပါသည်။ နေတိုး၏ ပြောကြားချက်အရ ယူကရိန်းဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်၍ စစ်ရေးအရ ပါဝင်သွားရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်နိုင်ပြီး ပဋိပက္ခကိုလျော့ချနိုင်ခဲ့လျှင် ရုရှားအပေါ် ထပ်တိုးထားသည့် ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန်ရှိ

အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်နိုင်ပြီး ပဋိပက္ခကိုလျော့ချနိုင်ခဲ့ရင်တော့ ရုရှားအပေါ် ထပ်တိုးထားတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးရန်ရှိသည်ဟု ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်က စက်တင်ဘာ(၅)ရက်ကပြောကြားလိုက်ပါသည်။ ဒါ့အပြင် မာကဲလ်၏ အလိုအရ ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်းမှာ တည်ရှိနေတာဟာ တရားမဝင်ဘူး၍ ဆိုပါသည်။ အပစ်အခတ်ရပ်စဲမှုတွေ တကယ်ဖော်ဆောင်သလား ရုရှားတပ်တွေ ပြန်ဆုတ်သွားသလား အစရှိတာတွေကို စောင့်ကြည့်မယ် တိုးတက်မှုတွေ အမှန်တကယ်ရှိလာရင်တော့ ပိတ်ပင်မှုတွေကို ဖြေလျော့ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ယူကရိန်းတပ်မတော်နှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားတို့ မာရီယိုပိုးအနီးတွင် တိုက်ခိုက်ခဲ့

ငြိမ်းချမ်းရေးဖော်ဆောင်ရေး၏အစအဖြစ် ယူကရိန်းနှင့် ရုရှားတို့မှ အပစ်အခတ်ရပ်ရန် ကြေငြာလုဆဲဆဲတွင် ယူကရိန်းတပ်မတော်နှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားတို့ မာရီယိုပိုးအနီးမှာ စက်တင်ဘာ(၅)ရက်က တိုက်ခိုက်ခဲ့သည်ဟု သိရပါသည်။ ယူကရိန်းတပ်ဖွဲ့သည် ၄င်းတို့အနေနှင့် ခွဲထွက်ရေးသမားတို့၏ တိုက်စစ်ကို ခုခံရန် ကြိုးစားနေသည်ဟုဆိုပါသည်။ မာရီယိုပိုးလ်သည် အာ့ဇော်ဖ်ပင်လယ်၏ ဆိပ်ကမ်းမြို့ဖြစ်ပြီး သံမဏိတင်ရန်ရာ အဓိကနေရာလည်းဖြစ်ပါသည်။ ပြည်သူ့စစ်ခေါင်းဆောင် ၏ပြောကြားချက်အရ ၄င်း၏ တပ်သားတွေ နယ်မြေကိုပြန်ရထားပြီ၍ သိရပါသည်။ နေတိုးကသက်သေတွေ ရှိသည်ဟု ဆိုနေသော်လည်း ရုရှားသည် ယူကရိန်းထဲကို ၄င်း၏တပ်သားများနှင့် လက်နက်တွေပို့ခဲ့သည် ဆိုသည်ကိုတော့ ငြင်းဆန်ထားကြောင်း သိရှိရပါသည်။