Sondag 07 September 2014

စစ်ကိုင်းတိုင်း ဒေသကြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း (၂၀၁၃-၂၀၁၄) ခုနှစ် နှစ်ပတ်လည် အစည်းအဝေး

စစ်ကိုင်းတိုင်း ဒေသကြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း (၂၀၁၃-၂၀၁၄) ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို စက်တင်ဘာလ (၂)ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ဇေယျာပဒေသာ ဖောင်ဒေးရှင်းနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဇေယျာပဒေသာ ဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတို့က ဇေယျာပဒေသာ ဖောင်ဒေးရှင်း လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေနှစ်ချုပ် စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking