နိုင်ငံတော်
ပြုပြင်ပြောင်းလဲရေး တတိယအဆင့် အရှိန်အဟုန် မြှင့်တင်ရေး အရာထမ်း စွမ်းဆောင်ရည်မြှင့်
သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေး ခန်းမတွင်
စက်တင်ဘာလ(၁)ရက်နေ့က ကျင်းပရာ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်းမှ
နိုင်ငံတော် အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်
တည်ဆောက်ရာမှာ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည် ဖော်လျှက်ရှိပြီး နိုင်ငံတော်
သမ္မတကြီး၏ နိုင်ငံတော်ပြုပြင် ပြောင်းလဲမှု များကို တတိယအဆင့် အရှိန်မြှင့်တင်မှု  Third Wave လုပ်ငန်းစဉ်(၁)မှ (၅)ထိ လမ်းညွှန်ချက်များအား
သိရှိနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Geen opmerkings nie:
Plaas 'n opmerking