လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ကချင်ပြည်နယ် အတွင်း သဘာဝ ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း
လူငယ်များသင်တန်းရှိ သင်တန်းဆင်း လူငယ်များမှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့
စက်တင်ဘာလ (၅)ရက်နေ့ မနက်က သဘာဝဘေး လျော့ပါးရေးနှင့် ပတ်သက်ပြီး သွားရောက်ကွင်းဆင်း
ကြည့်ရှုလေ့လာခဲ့ပါသည်။ အဆိုပါလေ့လာရေး အဖွဲ့ဟာ ခတ်ချိုဒေသခံ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံကာ
ကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ရန်များကို ဆွေးနွေး လေ့လာခဲ့ကြပါတယ်။
သဘာဝဘေး လျော့ပါးရေး စေတနာဝန်ထမ်း လူငယ်သင်တန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ဖွင့်လှစ်ခဲ့သည်မှာ အခုအထိ (၁၅)ကြိမ်ရှိပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီသတင်းကို တိုင်းရင်းသား
လူမျိုးများ ရုပ်သံလိုင်း ကချင်ပြည်နယ် မြစ်ကြီးနားဗျူရိုမှ ပေးပို့ခြင်း ဖြစ်ပါသည်။
Geen opmerkings nie:
Plaas 'n opmerking