Dinsdag 02 September 2014

စာတတ်မြောက်ရေးနှင့် ဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့က မြန်မာနိုင်ငံ စာတတ်မြောက်ရေး (အ သုံးလုံး)လုပ်ငန်း၏ နှစ် (၅၀)ပြည့် ရွှေရတုသဘင်အခမ်းအနား ကျင်းပမည်

၁၉၆၄ခုနှစ်တွင် မိတ္ထီလာခရိုင် အရှေ့စံပြကျေးရွာမှ စတင်ပြီး နိုင်ငံတစ်ဝန်း စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှုကြီးအဖြစ် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံစာတတ်မြောက်ရေး (အ-သုံးလုံး) လုပ်ငန်း၏ နှစ် ၅၀ပြည့် ရွှေရတုသဘင်အခမ်းအနားကို စက်တင်ဘာ (၇)ရက် နံနက် (၉)နာရီတွင် ရန်ကုန်တက္ကသိုလ်နယ်မြေ ၀ိဇ္ဇာခန်းမတွင် (တက္ကသိုလ်ကျောင်းသားဟောင်းများ ဖွံ့စည်းထားသော) စာတတ်မြောက်ရေးနှင့် ဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ဦးစီးကျင်းပမည်ဖြစ်သည်။ အဆိုပါအခမ်အနားသို့  ၁၉၆၄-၈၄ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းပေါင်းစုံမှ အ သုံးလုံး အဖွဲ့ဝင်ဟောင်းများ ၂၀၁၃-၂၀၁၄ စာတတ်မြောက်ရေး တက္ကသိုလ်လုပ်အားပေး မျိုးဆက်သစ်အဖွဲ့ဝင်များ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking