Sondag 07 September 2014

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲ

တနင်္သာရီတိုင်းဒေသကြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ (၅)ရက်နေ့ နံနက်(၈)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝေါလ်ဗစ်ရှင်း မှ တာဝန်ရှိသူတို့က "လူသားအချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့" ခေါင်းစဉ်ဖြင့် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲဝင်နေသော (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား ကျောင်းသူများအား ကြည့်ရှု အားပေးပါသည်။ လူသားအချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၅)ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၅)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၆)ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၄၆)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပါသည်။ အဆိုပါ ကျောင်းသား ကျောင်းသူများကို ဝေါလ်ဗစ်ရှင်း မှ တာဝန်ရှိသူများက စားသောက်ကုန်မျိုးစုံ၊ ကျောင်းသုံးပစ္စည်းနှင့် ပညာပေးစာအုပ် စာစောင်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking