Saterdag 06 September 2014

မြန်မာဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် ဆုဖလား ရရှိ

ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် စက်တင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီက ယှဉ်ပြိုင် ကစားရာ မြန်မာအသင်းက (၃)ဂိုး-(၂)ဂိုးဖြင့် အနိုင်ရှိပြီး ချန်ပီယံဆု ရရှိသွားသည်။ ၂၀၀၆ မာဒေးကားဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမှုကို မြန်မာ့လက်ရွေးစင် အသင်းက အဆုံးသတ်နိုင်ခဲ့ပြီး ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အတွင်းတွင် အိမ်ရှင်အသင်းနှင့် ကစားခဲ့ရသောကြောင့် ခက်ခဲစွာ ကစားခဲ့ရပြီး အချိန်ပိုတွင် သွင်းယူခဲ့သော အနိုင်ဂိုးဖြင့် အောင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။




Geen opmerkings nie:

Plaas 'n opmerking