Sondag 07 September 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ရောက်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင်ဘာလ (၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှ Royal Dutch  လေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ (၃)နာရီ(၅၅)မိနစ်တွင် ရောက်ရှိကြပါသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား နယ်သာလန်နိုင်ငံ သံမန်ရေးရာဦးစီးဌာန အကြီးအကဲ၊ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့်အိုးရှင်းနီးယားရေးရာ ဦးစီးဌာန အကြီးအကဲတို့က အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက် ကြပါသည်။ အဲဒီနောက် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမယ့် သည်ဟေ့မြို့ရှိ ဘဲအဲဟိုတယ် သို့ရောက်ရှိကြပါသည်။  


Geen opmerkings nie:

Plaas 'n opmerking