ယူကရိန်းနှင့်
ရုရှားခွဲထွက်ရေးသမားများသည် ယူကရိန်းအရှေ့ပိုင်းမှာ ပဋိပက္ခအဆုံးသတ်ရေးအတွက် ပထမခြေလှမ်းအဖြစ်
အပစ်အခတ်ရပ်စဲရေးအတွက် စက်တင်ဘာလ(၅)ရက်က သဘောတူညီခဲ့ကြပြီး ဒါဟာ ရုရှားနှင့် အနောက်နိုင်ငံကြားဆိုးရွားတဲ့
အခြေအနေကို လိပ်ခဲတည်းလည်း ဖြစ်စေကြောင်း သိရပါသည်။ အခုသဘောတူညီမှုဟာ ဂရင်းနစ်စံတော်ချိန်(၁၅)မိနစ်မှာ
အသက်ဝင်မှာဖြစ်ပြီး ဗင့်စ်မြို့ရှိဆွေးနွေးပွဲမှာ ရုရှားကိုယ်စားလှယ်များ ၊ အိုအက်စ်စီအီး
လုံခြုံရေးနှင့် အခွင့်အလမ်းအုပ်စုတို့ သဘောတူညီခဲ့တာဖြစ်ပါသည်။ အခုသဘောတူညီချက်ဟာ
မိမိတို့၏ ရည်မှန်းချက်ကို ပြောင်းလဲခြင်းမဟုတ်ကြောင်း ရုရှားထောက်ခံသူခွဲထွက်ရေးသမား
ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking