ဗြိတိန်နိုင်ငံ
ဝေးလ်မြို့မှာ ကျင်းပနေသည့် နေတိုးထိပ်သီး ဆွေးနွေးပွဲဟာ စက်တင်ဘာလ (၅)ရက်နေ့ သောကြာနေ့က
ပြီးဆုံးသွားခဲ့သော်လည်း အာဖဂန်နှင့် ယူကရိန်း အရေးကိစ္စများနှင့် ပတ်သတ်ပြီး ထိရောက်သည့်
အဖြေရရှိဖို့ အလားအလာ မရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင်
သဘောထား ကွဲလွဲမှုအနည်းဆုံး ခေါင်းစဉ်ကတော့ (၂၀၁၄)ခုနှစ်အကုန်တွင် နေတိုးဦးဆောင်သည့်
နိုင်ငံတကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အာဖဂန်မှ အပြီးတိုင် ဆုတ်ခွာသွားပြီးနောက်မှ
အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များကို ကူညီထောက်ပံ့ပေးရေးပဲ ဖြစ်ပါသည်။ ယူကရိန်း ပဋိပက္ခနှင့်
ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများအနေနှင့် အဖြေထုပ်ဖို့ ခက်ခဲနေပြီး မဟာမိတ်နိုင်ငံများကို
ထိရောက်စွာ ကာကွယ်ပေးမည့် ဆောင်ရွက်ရန်ရှိသော အစီစဉ်များကိုတော့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ်
အန်ဒါဖော့ဂ်ရော့စ်မူဆန်က စက်တင်ဘာလ (၅)ရက်နေ့ သောကြာနေ့က ထုပ်ပြန်ခဲ့ပါသည်။ ယူကရိန်ပဋိပက္ခမှာ
ရုရှား၏ အပြုအမူများကို နေတိုးအဖွဲ့ဝင်နိုင်ငံများက ဆန့်ကျင်ခဲ့ပေမယ့် ၄င်းကို ဟန့်တားဖို့အတွက်  ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အများသဘောတူတဲ့
အဖြေတစ်ခုရရှိဖို့ ခက်ခဲနေသေးကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking