Sondag 07 September 2014

Myanmar e-Sports Championship ဖွင့်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲ တက်ရောက် အားပေး

အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် စက်တင်ဘာ (၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သည့် (Myanmar e-Sports Championship) ပြိုင်ပွဲသို့ တက်ရောက်ပြီး (Myanmar e-Sports Championship) မှ တာဝန်ရှိသူများနဲ့အတူ ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသော ဧည့်သည်တော်များက ပြိုင်ပွဲတွင် ပါဝင်သည့် အသင်း(၂)သင်း၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသည် Computer Net Game ကစားသည့် အဆင့်မှ ကမ္ဘာ့အဆင့်မှီ e-Sports ထိ တက်လှမ်းနိုင်ရန် မြန်မာပြည်သူများကို ပထမဦးဆုံး ချပြခဲ့သော (Myanmar e-Sports Championship)  ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ပြိုင်ပွဲတွင် ပထမဆု ရရှိပါက ဆုကြေးငွေကျပ် သိန်း(၅၀)ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေကျပ် သိန်း(၁၂၀)ချီးမြှင့် သွားမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ၂၀၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲကို ကြည့်ရှု အားပေးခဲ့ပါသည်။ ပြိုင်ပွဲတွင် နေပြည်တော်နှင့် ရှမ်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက နေပြည်တော် တိုင်းဒေသကြီး အသင်းအား (၆)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာလ (၁၄)ရက်နေ့အထိ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking