အမေရိကန်ပြည်ထောင်စု
ဟာဝါရီ ကျွန်းဆွယ်အနီးမှာရှိတဲ့ ကီလာအူအဲယာ မီးတောင်မှ ချော်ရည်များသည် ဒေသတွင်းရှိ
လူနေအိမ်ခြေပေါင်းများစွာကို ခြိမ်းခြောက်လျက်ရှိရပါသည်။ ပူနာဒေသခံများသည် ပြီးခဲ့တဲ့လ
အနည်းငယ်ကလဲ အစ်စလီမုန်တိုင်း ဒဏ်ခံခဲ့ရမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ လျှပ်စစ်မီးများ
ပြတ်တောက်ခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း သိရပါသည်။ ချော်ရည်များသည် ဇူလိုင်လ(၁၀)ရက်နေ့ကတည်းက
တနေ့ထက်တနေ့ ပိုမိုစီးဆင်းလာနေရာမှ ပေ(၈၀ဝ)ခန့်အထိရှိကာ စောင့်ကြည့်သတိပေးမှုများ ပြုလုပ်နေပြီး
အကယ်၍ နောက်(၅)ရက်ထိ ဆက်လက်စီးဆင်းနေကာ စိုးရိမ်ရသော အခြေအနေဖြစ်လာပါက ဒေသခံတို့ကို
ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးရန် စီစဉ်သွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking