မြန်မာအကများ
စနစ်တကျရှိစေရန်၊ မြန်မာအကတို့၏ အခြေခံဖြစ်သော ကဗျာလွတ် ကကွက်များ နိုင်ငံတော်မူ ဖြစ်စေရေးအတွက်
ယဉ်ကျေးမှု ဝန်ကြီးဌာနက သတ်မှတ် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ
အခြေခံပညာ ကျောင်းများတွင် လက်ဆင့်ကမ်းဖြန့်ဝေ သင်ကြားထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များဖြင့်
ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ အက
အခြေခံကဗျာလွတ်အက ဆင့်ပွားနည်းပြ သင်တန်း အမှတ်စဉ်(၂/၂၀၁၄) ပိတ်ပွဲ အခမ်းအနားကို မနေ့ကမွန်းလွဲ(၁)နာရီက
နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာန ဘက်စုံခန်းမမှာ ကျင်းပပြုလုပ်ရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊
သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း
တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာန
အခြေခံပညာ ဦးစီးဌာနမှ သင်တန်းသူ(၈၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၂၅)ရက်နေ့မှ
စက်တင်ဘာလ(၃)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking