Donderdag 04 September 2014

လွိုင်ကော်မြို့တွင် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်း စစ်တမ်းကောက်ယူမှု လေ့လာတွေ့ရှိချက်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန UNICEF နှင့် DCA Myanmar  အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း စစ်တမ်းကောက်ယူမှု လေ့လာတွေ့ရှိချက် များအား ပြန်လည် ရှင်းလင်းတင်ပြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂)ရက် နံနက်(၉)နာရီတွင် လွိုင်ကော်မြို့ ဟိုတယ်လွိုင်ကော်၌ ပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ စီးမံကိန်းနှင့် စီးပွားရေးဝန်ကြီး ပြည်နယ်မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးတော့ရယ်က အဖွင့်အမှာစကား ပြောကြားပြီး KAP  Survey စစ်တမ်းကောက်ယူမှု လေ့လာတွေ့ရှိချက် များအား ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူးက ရှင်းလင်းတင်ပြပါသည်။



Geen opmerkings nie:

Plaas 'n opmerking