နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု အမှုထမ်းများ စွမ်းဆောင်ရည်
မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၇) မနက် (၈)နာရီခွဲ မှာ သန်လျင်မြို့ရှိ
ခရိုင် ပြန်/ဆက် ဦးစီးဌာန  အစည်းအဝေး ခန်းမမှာ
ကျင်းပရာ ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဦးလှမျိုးအောင်က အမှာစကား ပြောကြားပြီး နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး
ဆောင်ရွက်ရမည့် အပိုင်း (၂)ပိုင်းအကြောင်း၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ သုံးခွ၊ ဒလ၊ သန်လျင်
ကျောက်တန်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများက သတင်းမီဒီယာ ဥပဒေ၊ ကောင်းမွန်သော
စီမံအုပ်ချုပ်မှု၊ ဒီမိုကရေစီ ပြောင်းလဲခြင်းနှင့် အရင်းအမြစ်များ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏
တာဝန်ခံမှု၊ တာဝန်ယူ လုပ်ဆောင်ရမည့် တည်မြဲအမိန့်များနှင့် ပတ်သက်ပြီး လမ်းညွှန် မှာကြားချက်များအား
မြို့နယ်ဦးစီးမှူးများက ရှင်းလင်းဆွေးနွေးကြပါတယ်။ အဲဒီနောက် တက်ရောက်လာကြသော မြို့နယ်များမှ
ဝန်ထမ်းများက ပြန်လည်မေးမြန်းခြင်း ဖြေကြားခြင်းများ ဆောင်ရွက်ကြပါတယ်။ အဆိုပါ သင်တန်းသို့
ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနမှ ဝန်ထမ်း (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking