ကယားပြည်နယ်
ဝန်ကြီးချုပ် ဦးခင်မောင်ဦးသည် စက်တင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့
သီရိမင်္ဂလာဈေးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်
ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သီရိမင်္ဂလာဈေး
ပြင်ပနေရာတွင် ယာဉ်ရပ်နားရန် သတ်မှတ်နေရာ ချထားရေး၊ ရေစီးရေလာ ကောင်းမွန်လာစေရန်၊ ဖုန်းကြိုး
မီးကြိုးများ စနစ်တကျ သွယ်တန်းရေး၊ ပျံကျဈေးသည်များ အမိုးအကာ ဆောက်လုပ်ပြီး စနစ်တကျ
ရောင်းချရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရှင်းလင်းရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဈေးအတွင်းရှိ သား၊ ငါး၊ ဈေးတန်း များနှင့်
ဟင်းသီးဟင်းရွက်၊ ပန်း ဈေးတန်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking