Donderdag 04 September 2014

ခမောက်ကြီးမြို့နယ်ခွဲ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသား စိစစ်ရေး ကဒ်များ ထုတ်ပေး

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် စက်တင်ဘာလ(၂)ရက် မွန်းလွဲ(၂)နာရီက ကော့သောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုးပွင့်အဆင့်(၆) စီမံချက်ဖြင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည့် နိုင်ငံသား စိစစ်ရေး ကဒ်များအား ခရိုင် လ/ထညွှန်မှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးအား ပေးအပ်ခဲ့ကြောင်း သိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking