ပြည်ထောင်စုလွှတ်တော်  နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ်
ဆိုရှယ်လစ် သမ္မတ နိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung ၏ ဖိတ်ကြားချက်အရ
အဖွဲ့ဝင်များ ဖြစ်ကြသော ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာနှင့်
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ
ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး
ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့မှ
စက်တင်ဘာလ (၅) ရက်နေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ဗီယက်နမ် ဆိုရှယ်လစ်
သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ည
(၉)နာရီခွဲတွင် ရောက်ရှိခဲ့သည်။
Geen opmerkings nie:
Plaas 'n opmerking