ဂျာမနီနိုင်ငံ
ဘာလင်မြို့မှာ ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲသည် လေ့လာသူများအတွက် စက်တင်ဘာလ(၅)ရက်က
ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ လေ့လာသူများသည် ရုပ်မြင်သံကြား၊ အသံပိုင်းဆိုင်ရာ၊
စမတ်ဖုန်းနှင့် အိမ်သုံးပစ္စည်းများ၏နောက်ဆုံးပေါ် နည်းပညာပစ္စည်းများကို အခုလ(၁၀)ရက်နေ့ထိ
ဝယ်ယူခွင့်ရရှိကြမှာ ဖြစ်ပါသည်။ အခုနှစ်၏ အကြိမ်(၉၀)မြောက် အိုင်ဖက်အေ၏ အဓိက အကြောင်းအရာမှာ
မျက်နှာပြင်ခုံးတီဗွီနှင့် ကွန်ယက်စနစ်ဖြစ်ပါတယ်။ ပန်နက်ဆိုးနစ်၏ နောက်ဆုံးပေါ် ရုပ်မြင်သံကြား
စနစ်သာမက အိုင်ဖက်အေ၏ အဓိကဖြစ်တဲ့ အက်အေအိုင်-အိုင်ပီ-စီးနစ် ရုပ်မြင်သံကြားတို့ကို
ကြည့်ရှုနိုင်ပြီး ၄င်းဟာ အင်တာနာချိတ်ဆက်မှု မရှိတဲ့ အချိန်မှာလည်း အသုံးပြုနိုင်ပါသည်။
အခြား ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားပြီး လေ့လာသူများအတွက် အခုလ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ
ဖွင့်လှစ်ပြသထားမှာ ဖြစ်ကာ အခန်းပေါင်း (၁၅၃၈)ခန်းဖြင့် ၄င်းတို့၏ နောက်ဆုံးပေါ် နည်းပညာများကို
ခင်းကျင်းပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking