Donderdag 04 September 2014

ကော့သောင်းခရိုင် ကရသူရိ မြို့နယ်ခွဲတွင် မြို့နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက

ကော့သောင်းခရိုင် ကရသူရိ မြို့နယ်ခွဲတွင် မြို့နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများအား မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဝန်ထမ်းများက စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ခွဲအတွင်း လိုက်လံဆောင်ရွက် ကြပါတယ်။ အဆိုပါ လုပ်ငန်းများတွင် မြို့နယ်ခွဲအတွင်း အများပြည်သူများကို ဓာတ်အားပို့လွှတ်နေသည့် ပေါက်ပြီး ဆွေးမြည့်နေသည့် ဓာတ်အားလိုင်းကြိုးများ အသစ်လဲလှယ် တပ်ဆင်ပေးခြင်း၊ ဆွေးမြည့်နေသည့် ဓာတ်တိုင်များကို ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ဓာတ်အားပို့လွှတ်သည့် ကြိုးများနှင့် ထိနေသည့် လမ်းဘေးဝဲယာ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်း များအား လိုက်လံ ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ်ခွဲတွင် လျှပ်စစ်ဓာတ်အား တစ်နေ့လျှင် (၅)နာရီခွဲခန့်သာ ဖြန့်ဝေပေးလျှက် ရှိပြီး မြို့နေပြည်သူများ အနေဖြင့် ယခု ဖြန့်ဖြူးပေးနေသည့် အချိန်ထက် တိုးမြှင့်ကာ သုံးစွဲလိုသည့် ဆန္ဒရှိကြောင်း သိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking