ဗြိတိန်နိုင်ငံ
လန်ဒန်မြို့မှာ အသက်(၄၀)အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးအား ဓားဖြင့်
ခြိမ်းခြောက်ခဲ့ရာ ဗြိတိန်တပ်ဖွဲ့ဝင်များက ၄င်းအား ပစ်သတ်ခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က
ပြောကြားခဲ့ပါသည်။ ရဲတပ်ဖွဲ့ဝင်များသည် ၄င်းနှင့်ညှိနှိုင်းရန် ကြိုးစားပြီးနောက် သေနတ်ဖြင့်
အချက်ပေါင်းများစွာဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပါသည်။ ၄င်းတို့(၂)ဦးသည် တစ်ယောက်နှင့်တစ်ယောက်
ရင်းနှီးကြပြီး အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှုမရှိကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဘာဆုက
ပြောကြားခဲ့ပါသည်။ ၄င်းမတော်တဆမှု ဖြစ်ပွားပြီး နောက်တနေ့မှာ လန်ဒန်မြို့မြောက်ဘက်ရှိ
ဆင်ခြေဖုံးတစ်ခုရှိ အမျိုးသမီးတစ်ဦးလည်း အသတ်ခံခဲ့ရကြောင်းနှင့် ဒီမတော်တဆမှု(၂)ခုသည်
ဆက်နွယ်မှု မရှိကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking