တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊
ထားဝယ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး
ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ NRC အဖွဲ့မှ တာဝန်ရှိသူများသည် ကျောက်ဆင်ကျေးရွာအုပ်စု၊
ကမ်းပနီ ကျေးရွာ မူလတန်းကျောင်းတွင် စက်တင်ဘာလ (၇)ရက်နေ့တွင် မိုးပွင့် စီမံချက်အဆင့်
(၆)အရ ကွင်းဆင်းဆောင်ရွက်ရာ ကျေးရွာပြည်သူလူထု တစ်ဦးချင်းဆီကို နိုင်ငံသား စိစစ်ရေး
ကတ်ပြား (၁၄၁)ကတ်အား ပေးအပ်ခဲ့ပါသည်။
Geen opmerkings nie:
Plaas 'n opmerking