အီဘိုလာကူးစက်ရောဂါကြောင့်
သေဆုံးသူဦးရေဟာ (၂၀ဝ၀)အထက်ရှိသွားပြီဖြစ်ကြောင်း စက်တင်ဘာလ(၅)ရက်နေ့ သောကြာနေ့က (WHO)က
ပြောကြားခဲ့ပြီး ၄င်းတို့မျှော်လင့်နေသည့် ကာကွယ်ဆေးတစ်မျိုးကို နိုဝင်ဘာလတွင် အသုံးပြုနိုင်တော့မှာ
ဖြစ်ကြောင်း သိရပါသည်။ ရောဂါစတင်ဖြစ်ပွားသည့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လိုက်ဘေးရီးယား၊
ဂီရီနဲ့           ဆီရီရယ်လျူန်းတွင် ရောဂါကူးစက်ခံရသူ
(၃၉၄၄)ဦးမှာ (၂၀၉၇)ဦး သေဆုံးခဲ့ပြီးကြောင်း ဂျနီဗာမှာကျင်းပသည့် နှစ်ရက်ကြာ ဆွေးနွေးပွဲပြီးနောက်
ကုလသမဂ္ဂ၏ ကျန်းမာရေး အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံဟာ ကူးစက်ခံရသူ
(၂၂)ဦးမှာ (၈)ဦးသေဆုံးခဲ့ပြီး ကွန်ဂိုနိုင်ငံမှာ (၃၀)ကျော် သေဆုံးခဲ့ပါသည်။
Geen opmerkings nie:
Plaas 'n opmerking