ဂျပန်နိုင်ငံမှာ
သွေးလွန်တုတ်ကွေးရောဂါ ပြန့်ပွားခဲ့ပြီး လူပေါင်း(၆၇)ဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ပါသည်။ တိုကျိုနှင့် ယိုကိုဟားမားရှိ ပန်းဥယျာဉ်များကိုလည်း ရောဂါပိုး ပျံ့ပွားနိုင်ချေရှိတဲ့အတွက်
ပိတ်ထားခဲ့ကြောင်းသိရပါသည်။ စတင်ပြန့်ပွားခဲ့တဲ့ ယိုယိုဂျီ ပန်းဥယျာဉ်သည် လန်ဒန်ရှိ
ဟိုက်ဒ်ပါ့ခ် (ဒါမှမဟုတ်) နယူးယော့ခ်၏ စင်ထရယ်ပါ့ခ် နဲ့တူညီပြီး ခြင်ကြောင့် ဖြစ်ပွားတဲ့
သွေးလွန်တုတ်ကွေးရောဂါကို နှိမ်နှင်းရန် ဆေးဖြန်းလျက်ရှိပါသည်။ သွေးလွန်တုတ်ကွေးရောဂါသည်
ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက ဂျပန်နိုင်ငံမှာ ဖြစ်ပွားမှုမရှိတော့ကြောင်း အခုအကြိမ်သည်
နှစ်ပေါင်း(၇၀)အတွင်း ပထမဦးဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူးစက်ခံရသူများတွင် သရုပ်ဆောင်များနှင့်
အန်အိတ်ခ်ျကေမှ ဝန်ထမ်း(၂)ဦးပါဝင်ပါသည်။ အန်အိတ်ခ်ျကေရုံးမှာ ယိုယိုဂျီဥယျာဉ်ဘေးမှာ
တည်ရှိတာဖြစ်ပါသည်။ သွေးလွန်တုတ်ကွေးဟာ တစ်နှစ်မှာ လူပေါင်းသန်း(၃၉၀)ခန့်ကို ကူးစက်လျက်ရှိပြီး
ကမ္ဘာ့ကူးစက်အမြန်ဆုံး အပူပိုင်းရောဂါတစ်မျိုးဖြစ်ပေမည့် ဂျပန်နိုင်ငံသို့ ရောက်ရှိလေ့မရှိကြောင်းသိရပါသည်။
သွေးလွန်တုတ်ကွေးရောဂါကို ကုသရန် အတည်ပြုပြီးတဲ့ ထိုးဆေးနှင့် တိကျတဲ့ ဆေးဝါးများ အခုထိမရှိသေးကြောင်းနှင့်
သွေးလွန်တုတ်ကွေးရောဂါဟာ ပုံမှန်အားဖြင့် အသက်မဆုံးရှုံးတတ်သော်လည်း ဆေးရုံသို့ အများဆုံးရောက်ရှိတတ်ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking