အီဗိုလာဗိုင်းရပ်စ်ကူးစက်ခံနေရသည့်
နိုင်ငံများသည် ကပ်ရောဂါဆိုးကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုက ပြည်သူ့ကျန်းမာရေး
စနစ်အပေါ် ယုံကြည်မှုရှိရန် လိုအပ်ကြောင်း ဆီရီယယ်လျုန်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက
ဆိုပါသည်။ ရိုးရာအရ ဆေးကုသူများဆီသွားနေကြတဲ့ ပြည်သူတွေကို ရောဂါကုဌာနတွေဆီရောက်လာရန်ဆိုရင်
၎င်းတို့ဟာ ပြည်သူ့ကျန်းမာရေးစနစ်ကို ယုံကြည်ရန် လိုအပ်ပါသည်။ ဆေးဝါးကုသမှုနှင့် ပတ်သက်ပြီး
ကြိုးစားလုပ်ကိုင်နေသည်။ ဆေးဝါးတွေနှင့် ထိုးဆေးတွေ မကြာခင် ရလာတော့မယ်ဆိုတဲ့ သတင်းကောင်းတွေကို
ပြည်သူတွေဆီ အရောက်ပို့ပေးရမည်ဟု ထပ်လောင်းပြောကြားလိုက်ပါသည်။ ရောဂါကူးစက်ခံနေရသည့်
နိုင်ငံများသည် ရောဂါကို တိုက်ဖျက်ရန် အရင်းအမြစ်တွေလိုအပ်နေပြီး ရောဂါဖြစ်သူတွေ ဆေးရုံသို့
မလာခြင်းဟာ မိသားစုတွေ ရင်နစ်သည်းခြာတွေနှင့် မခွဲခွာချင်၍ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking