Sondag 07 September 2014

ဂျာမနီမီးရထား လုပ်သားများအဖွဲ့ (ဂျီဒီအယ်လ်)မှ မီးရထားမောင်းသူများဟာ လုပ်အားခ တိုးမြှင့်ဖို့နှင့် အလုပ်ချိန် လျော့ချဖို့အတွက် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြ

ဂျာမနီမီးရထား လုပ်သားများအဖွဲ့ (ဂျီဒီအယ်လ်)မှ မီးရထားမောင်းသူများဟာ လုပ်အားခ တိုးမြှင့်ဖို့နှင့် အလုပ်ချိန် လျော့ချဖို့အတွက် နိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလ (၆)ရက်နေ့က ဆန္ဒပြခဲ့ကြောင်း သိရပါသည်။ မီးရထားလုပ်သားအဖွဲ့မှာ မီးရထားမောင်းသူများ ရထားလက်မှတ်ရောင်းသူများနှင့် ရထားလမ်းလွှဲသူများ စုစုပေါင်း (၃သောင်း၇ထောင်)ခန့်ရှိပြီး လုပ်ခကို (၅)ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့နဲ့ အလုပ်ချိန်ဟာ ယခုလက်ရှိ(၃၉)နာရီမှ (၃၇)နာရီထိ လျော့ချပေးဖို့ တောင်းဆို ဆန္ဒပြတာပဲဖြစ်ပါသည်။ ယခုလိုဆန္ဒပြမှုများဟာ ဥရောပရဲ့ အကြီးဆုံး စီးပွားရေး အချက်အချာကျတဲ့ နိုင်ငံဖြစ်တဲ့ ဂျာမနီမှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပဲဖြစ်ပါသည်။ မီးရထား လုပ်သားများဟာ ယခုလ တစ်ရက်နေ့မှာတော့ သုံးနာရီကြာအောင် ဆန္ဒပြခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ လေယာဉ်မှုးများဟာ ဖရန်းဖွတ်လေဆိပ်မှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် (၆)နာရီကြာအောင် ဆန္ဒပြခဲ့တဲ့အတွက် ဂျာမနီလေကြောင်းလိုင်း (လန်သန်ဆာ)ဟာ လေကြောင်းလိုင်း ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking