Sondag 07 September 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အသုံးချသိပ္ပံပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာ ကြည့်ရှု၊ စိုက်ပျိုးမွေးမြူရေး ခြံသို့ လေ့လာ၊ ဆွစ်ဇာလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေနှင့် သံရုံးမိသားစုဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင်ဘာလ (၆)ရက် ဒေသစံတော်ချိန် နေ့လယ် (၃)နာရီ (၅)မိနစ်တွင် အသုံးချသိပ္ပံပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တက္ကသိုလ်၏ ညွှန်ကြားရေးမှူး Dr. Schindler Stokar Magdalena က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ဆွစ်ဇာလန် အုပ်ချုပ်ရေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။


Geen opmerkings nie:

Plaas 'n opmerking