ငြိမ်းချမ်းရေးဖော်ဆောင်ရေး၏အစအဖြစ်
ယူကရိန်းနှင့် ရုရှားတို့မှ အပစ်အခတ်ရပ်ရန် ကြေငြာလုဆဲဆဲတွင် ယူကရိန်းတပ်မတော်နှင့်
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတို့ မာရီယိုပိုးအနီးမှာ စက်တင်ဘာ(၅)ရက်က တိုက်ခိုက်ခဲ့သည်ဟု
သိရပါသည်။ ယူကရိန်းတပ်ဖွဲ့သည် ၄င်းတို့အနေနှင့် ခွဲထွက်ရေးသမားတို့၏ တိုက်စစ်ကို ခုခံရန်
ကြိုးစားနေသည်ဟုဆိုပါသည်။ မာရီယိုပိုးလ်သည် အာ့ဇော်ဖ်ပင်လယ်၏ ဆိပ်ကမ်းမြို့ဖြစ်ပြီး
သံမဏိတင်ရန်ရာ အဓိကနေရာလည်းဖြစ်ပါသည်။ ပြည်သူ့စစ်ခေါင်းဆောင် ၏ပြောကြားချက်အရ ၄င်း၏
တပ်သားတွေ နယ်မြေကိုပြန်ရထားပြီ၍ သိရပါသည်။ နေတိုးကသက်သေတွေ ရှိသည်ဟု ဆိုနေသော်လည်း
ရုရှားသည် ယူကရိန်းထဲကို ၄င်း၏တပ်သားများနှင့် လက်နက်တွေပို့ခဲ့သည် ဆိုသည်ကိုတော့ ငြင်းဆန်ထားကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking