Sondag 07 September 2014

ပဲခူးတက္ကသိုလ် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ ကရင်စာပေ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ကရင်သီချင်းပြိုင်ပွဲကျင်းပ

ပဲခူးတက္ကသိုလ် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ ကရင်စာပေ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ကရင်သီချင်းပြိုင်ပွဲကို စက်တင်ဘာ(၆)ရက်က ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂျူဘလီစံလှနှင့် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောကြည်စိုး တို့က အမှာစကား ပြောကြားခဲ့ကြပါတယ်။ အဲဒီနောက် ကရင်ရိုးရာ အကနဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ ဆက်လက်ပြီး ကရင်စာပေ စာဖတ် စွမ်းရည်နှင့် ကရင်သီချင်းပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။ အဲဒီနောက် ကရင်ရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။ ပြိုင်ပွဲအပြီးမှာ ဆုရရှိသူများနှင့် ထူးချွန် ကရင် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြပါသည်။


Geen opmerkings nie:

Plaas 'n opmerking