Sondag 07 September 2014

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို မနေ့က နံနက်ပိုင်းက အဆိုပါ နေရာမှာ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များအား မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်မှာ စီမံကိန်း ဒါရိုက်တာ ဦးသက်လင်း က တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး  တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများ မြန်ဆန်သွက်လက်စွာ ပြီးမြောက်စေရေး၊ သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking