ကျန်းမာရေး
ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့
(MSF-Halland (AZG) တို့၏
(MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မနေ့က နေ့လည်ပိုင်းတွင် ကျန်းမာရေး ဦးစီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်နှင့်
(MSF-Halland (AZG) မှ Deputy Head of Mission Mr. Jean- Christophe Dolle တို့က လက်မှတ်ရေးထိုး
ခဲ့ကြသည်။ အဆိုပါ (MOU)  သည် သက်တမ်းကာလ (၂)နှစ်ကြာမြင့်မည်ဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်
ကျန်းမာရေး ဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့တို့
ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး
လုပ်ငန်းများ၊ မိခင်/ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ရန်ပုံငွေ အမေရိကန်ဒေါ်လာ
(၂၉.၇) သန်းခန့် ကျခံသုံးစွဲကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း
သိရှိရသည်။
Geen opmerkings nie:
Plaas 'n opmerking