၂၀၁၄ ခုနှစ်
စက်တင်ဘာလ (၉)ရက် ဒီကနေ့တွင် ကျရောက်သော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏
အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ထံမှ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား အလုပ်သမားပါတီ ပထမအတွင်းရေးမှူး၊
အမျိုးသားကာကွယ်ရေး ကော်မရှင် ပထမဥက္ကဌနှင့် ကိုရီးယား ပြည်သူ့တပ်မတော် သေနာပတိချုပ်
မစ္စတာ ကင်ဂျုံအွန်း၊ ဗဟိုပြည်သူ့လွှတ်တော် သဘာပတိအဖွဲ့ ဥက္ကဌ မစ္စတာ ကင်ယုံနမ်နှင့် ဝန်ကြီးချုပ်
မစ္စတာ ပတ်ပုံဂျူ တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
Geen opmerkings nie:
Plaas 'n opmerking