ကုလသမဂ္ဂ ဖွံ့ဖြိုးရေး
အစီအစဉ်ဖြင့် ကချင်ပြည်နယ်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်
သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့
မနက်က ဗန်းမော်မြို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန
ခရိုင်ဦးစီးမှူးရုံး စိုက်ပျိုးလေ့ကျင့် ပညာပေး ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ
နယ်စပ်ဒေနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ
မှ အမှာစကား ပြောကြားပါတယ်။ အဲဒီနောက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိက
သင်တန်း အဖွင့် အမှာစကားကို၎င်း၊ UNDP (Early Recovery Manger (မစ္စတာ စတီးန် အေအန် ရှီဘန်ဒ်) မှ
နှုတ်ခွန်းဆက် စကားကို၎င်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် ကချင်ပြည်နယ် ညှိနှိုင်းရေးမှူးက
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို၎င်း ရှင်းလင်းပြောကြားပါတယ်။ သင်တန်းတွင် သင်တန်းသား
(၂၃)ဦး တက်ရောက်ခဲ့ပါတယ်။ အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး
မြစ်ကြီးနား ဗန်းမော် အသက်မွေးဝမ်းကျောင်း သင်တန်းများ တာဝန်ခံ မှ အခုလို ပြောကြားသွားပါသည်။
Geen opmerkings nie:
Plaas 'n opmerking