အာဆီယံ ယဉ်ကျေးမှုပွဲတော်
(၂၀၁၄) ASEAN Culture Fair (2014) ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ
(၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ပွဲတော်အတွင်း အာဆီယံနိုင်ငံများမှ
ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ ရိုးရာ ဝတ်စားဆင်ယင်မှု ပြပွဲများ၊ အထိမ်းအမှတ်ပစ္စည်း  ရောင်းချခြင်းများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအစားအစာများ
ခင်းကျင်းပြသခြင်းများ ပါဝင်ပြသ ရောင်းချသွားမည် ဖြစ်ပါသည်။ ပွဲတော်ကာလအတွင်း ပုဂ္ဂလိက
ခင်းကျင်းရောင်းချ လိုသူများအနေဖြင့် မြန်မာ့ရိုးရာ အစားအစာများ (အသင့်စားသုံးနိုင်သော
အစားအသောက်များ)၊ ရိုးရာယဉ်ကျေးမှု အဝတ်အထည်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ခင်းကျင်း
ရောင်းချနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ဆိုင်ခန်း တစ်ခန်းလျှင် (၉)ပေပတ်လည် အမိုးပါအခန်းများ
ဆောက်လုပ် ပေးထားမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် ခင်းကျင်း ပြင်ဆင်ခြင်းများ ပြုလုပ်ဖွင့်လှစ်
ရောင်းချရန် ဖြစ်ပါသည်။ ဖွင့်လှစ် ရောင်းချလိုသူများ အနေဖြင့် လျှောက်လွှာပုံစံများအား
ဦးသန့်ဇင်ဦး၊ ညွှန်ကြားရေးမှူး(စီမံ)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)
ဖုန်း-ဝ၉- ၅၁၂၁ ၄၅၁ နှင့် ဇီနော်န် ကုမ္ပဏီများတွင် ဆက်သွယ် ရယူနိုင်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking