နယ်သာလန်နိုင်ငံ၌
ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာလ (၈)ရက် ဒေသစံတော်ချိန်
နံနက် (၉)နာရီတွင် ခေတ္တတည်းခိုသည့် ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြပြီး
မက်စ်လန်းကရင်း ရေထိန်းတံခါးသို့ ရောက်ရှိကြရာ နယ်သာလန်နိုင်ငံ အခြေခံ အဆောက်အအုံနှင့်
ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးမိစ် ရှလောက်ဗန် ဟေဂန် နှင့် အဖွဲ့က ကြိုဆို နှုတ်ဆက်ကြသည်။
အဲဒီနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ရှင်းလင်းခန်းမတွင် ရေထိန်းတံခါး တည်ဆောက်ခဲ့မှုများနှင့်
စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ရေထိန်းတံခါး
တည်ဆောက်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှု လေ့လာကြသည်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် Marco Polo သင်္ဘောပေါ်မှ ရိုလာဒန် 
ဆိပ်ကမ်းအနီးရှိ (၁)ထောင် မဂ္ဂါဝပ်ရှိ ကျောက်မီးသွေး စက်ရုံကို ကြည့်ရှုလေ့လာ
ကြပါတယ်။
Geen opmerkings nie:
Plaas 'n opmerking