သံတွဲမြို့နယ်
ဒါဝ ကျေးရွာရှိ လူကူးတံတားနှင့် လယ်ရေထုတ်တံတား တည်ဆောက်မည့် နေရာအား စက်တင်ဘာလ (၃)ရက်နေ့က
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
အဆိုပါ လူကူးတံတားနှင့် လယ်ရေထုတ် တံတားကို ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရန်အတွက်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁. ၄၄၀) သန်းဖြင့် အကုန်ကျခံ တည်ဆောက်နိုင်ရေးနှင့်
ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး အတွက် ခရိုင်ဦးစီးမှူးမှ မှာကြားခဲ့ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking