Donderdag 10 Julie 2014

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ခြင်းနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၈)နာရီခွဲတွင် ၀န်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပညာသင်ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်နှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုစကားပြောကြားပြီး တက္ကသိုလ်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် အထက (၁) ပခုက္ကူမှ မလမင်းမေသော်၊ အထက(သုဝဏ္ဏ)မှ မကြည်ဇင်သန့်နှင့် အထက (၁) မြောက်ဥက္ကလာပမှ မအေးသီရိတို့အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ 

Geen opmerkings nie:

Plaas 'n opmerking