Sondag 13 Julie 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံ အမျိုးသားနေ့ သ၀ဏ်လွှာများပေးပို့

၂၀၁၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျရောက်သော ပြင်သစ်  သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါသမယမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ပြင်သစ်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဖရန်ဆွာ အိုလောန်ဒ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ထားပါသည်။ အလားတူ ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျရောက်သော ပြင်သစ် သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပြင်သစ် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မန်နျူရယ် ဗဲလ်စ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ပါသည်။

Geen opmerkings nie:

Plaas 'n opmerking