ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဌေးအောင်သည် ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့
ရောက်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လေ့လာ ဖူးမျှော်ကြသော ဘုရင်ညီနောင်
လှိုဏ်ဂူတော်၊ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးနှင့် ကျောက်ကလပ် ဆံတော်ရှင်
ဘုရားများသို့ သွားရောက်ဖူးမျှော် ကြည်ညိုပါသည်။
ဇူလိုင်လ(၁၂)ရက်နေ့ နံနက်တွင် ပြည်ထောင်စု ဝန်ကြီးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်
ဦးဇော်မင်းနှင့်အတူ ဘားအံမြို့နှင့် မြ၀တီမြို့ရှိ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ်
အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
Geen opmerkings nie:
Plaas 'n opmerking