မြန်မာ့စွမ်းအင် ကဏ္ဍအား တိုးတက်စေရန် ဖော်ဆောင်မြှင့်တင် ပေးမည့်
စွမ်းအင်ဆိုင်ရာ ပြပွဲများဖြစ်သည့် (Oil & Gas Myanmar 2014) နှင့် (Elelctric Myanmar 2014) ပြပွဲများ
ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က အဖွင့်အမှာစကား ပြောကြားရာတွင်
ယခုကျင်းပသည့် ပြပွဲတွင် စင်္ကာပူ ၊မလေးရှား၊ ထိုင်းစသည့် နိုင်ငံပေါင်း များစွာမှ ကုမ္ပဏီများက
နည်းပညာဆိုင်ရာ ထုတ်ကုန်ပစ္စည်းပေါင်း (၁၀၀)ကျော်ကို လာရောက်ပြသသည့် အတွက် အကျိုးရလဒ်အနေဖြင့်
မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်မည်ဟု
ယုံကြည်ကြောင်း ပြောကြားပါသည်။ ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်
ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ
ဦးဇော်မင်းဝင်းတို့က ပြပွဲခင်းကျင်းပြသခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Fireworks
Trade and Media Pte., Ltd မှ ကန်းထရီး ဒါရိုက်တာ က ကျေးဇူးတင်စကား ပြောကြားပါတယ်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု
ဝန်ကြီး ဦးဥာဏ်ထွန်းဦး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး
ဦးမျိုးမြင့်ဦး၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊
(Fireworks
Trade and Media Pte., Ltd) နှင့်
(The
Electrical and Electronics Association of Malaysia) မှ
Community
Member
တို့က ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
ပြပွဲအတွင်း ခင်းကျင်း ပြသထားသည် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးပြီး အခမ်းအနားကို
ရုပ်သိမ်းလိုက်ပါသည်။ ပြပွဲတွင် လေအားလျှပ်စစ် ထုတ်လုပ်သည့် ပစ္စည်းများ၊ လျှပ်စစ်လုပ်ငန်းသုံး
ပစ္စည်းများ၊ စွမ်းအင်ရှာဖွေရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး
ပစ္စည်းများ၊ စက်ဆီ၊ ချောဆီများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ လျှပ်စစ်ကဏ္ဍနှင့်
သက်ဆိုင်သည့် လုပ်ငန်း စသည့် အကြောင်းအရာများကို ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း (၄၈)ခုမှ
ပြခန်းပေါင်း (၈၀)ဖြင့် ဇူလိုင်လ (၁၁)ရက်နေ့အထိ (၃)ရက်ကြာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking